ပြင်သစ်

September 21, 2021

နျူကလီးယား သဘောတူညီချက်ကို ပြန်အသက်သွင်းရန် အင်အားကြီးနိုင်ငံများနှင့် အီရန် ဆွေးနွေးရန်ရှိ

ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီနဲ့ ရုရှားဝန်ကြီးတွေဟာ ဒီသီတင်းပတ် နှောင်းပိုင်းမှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံအတွင်း အီရန်သမ္မတနဲ့  တွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။

ဒီလိုတွေ့ဆုံရာမှာ ၂၀၁၅ နျူကလီးယား သဘောတူညီချက်ကို ပြန်အသက်သွင်းဖို့ နှောင့်နှေးနေတဲ့ ဆွေးနွေးပွဲတွေကို အရှိန်အဟုန်သစ်နဲ့ပြန်စဖို့ ကြိုးစားမယ်လို့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးက စက်တင်ဘာ ၂၀ ရက်မှာ ပြောပါတယ်။

“သဘောတူညီချက်ထဲမှာ အီရန်နဲ့ အမေရိကန် ပြန်ပါလာစေဖို့ ညှိနှိုင်းပွဲတွေကို ပြန်စဖို့ အပြုသဘောဆောင်တဲ့ အရှိန်အဟုန် တချို့ စတင်ရေး ဒီသီတင်းပတ်ထဲမှာ ကျနော်တို့ သေသေချာချာ ကြိုးစားဖို့ လိုမယ်”လို့  ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အီရန်နဲ့ အမေရိကန် အစိုးရတွေကြား တိုက်ရိုက်မဟုတ်တဲ့ ဆွေးနွေးပွဲ ဆဋ္ဌမအကျော့ကို ဇွန်လမှာ ရွှေ့ဆိုင်းခဲ့တာပါ။ အီရတ်ခေါင်းဆောင်အီဘရာဟင်မ် ရိုင်စီက သြဂုတ် ၅ ရက်မှာ သမ္မတ ဖြစ်လာခဲ့ပြီးနောက် ဆွေးနွေးပွဲတွေပြန်စဖို့ အလားအလာရှိနေတာဖြစ်ပါတယ်။ 

5 days Ago

September 18, 2021

ရေငုပ်သင်္ဘောဝယ်သည့်ကိစ္စ မကျေနပ်သဖြင့် အမေရိကန်နှင့် ဩစတြေးလျရှိ သံတမန်များကို ပြင်သစ် ပြန်ခေါ်

အမေရိကန်နဲ့ သြစတြေးလျရှိ သံတမန်တွေကို ပြန်လည်ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြင်သစ်အစိုးရက စက်တင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။

အမေရိကန်နဲ့ ဗြိတိန်တို့ဟာ  ပြင်သစ်သမ္မတကို တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ သြစတြေးလျကို နျူကလီးယားရေငုပ်သင်္ဘောတွေ ကူညီ၀ယ်ယူပေးဖို့ ဘိုင်ဒင်ရဲ့ ကြေညာချက်ကို တုံ့ပြန်တဲ့ အနေနဲ့ ခုလို လုပ်ဆောင်တာလို့ ဆိုပါတယ်။ 

သြစတြေးလျဟာ ပြင်သစ်ကနေ ရေငုပ်သင်္ဘောမဝယ်တော့ဘဲ  ဒေါ်လာသန်း ၄၀ တန် ပြင်သစ်ဒီဇိုင်း နျူကလီးယားရေငုပ်သင်္ဘောဝယ်ဖို့  အမေရိကန်နဲ့ ဗြိတိန်တို့နဲ့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ 

ဒီကိစ္စရဲ့ လေးနက်မှုကြောင့်  သမ္မတ အီမန်နျူရယ်မက်ခွန်းက သူ့ရဲ့သံတမန်တွေကို ပြန်ခေါ်ဖို့  ရှားရှားပါးပါး ဆုံးဖြတ်ချက်ချခဲ့တာဖြစ်တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယွန်းအီဗာလိုဒရင်ရန် ကတော့  ကြေညာချက်မှာ ပြောထားပါတယ်။

သမ္မတအီမန်နျူရယ်မက်ခွန်းရဲ့ တောင်းဆိုချက်အရ အမေရိကန်ဆိုင်ရာ ပြင်သစ်သံအမတ် ဖိလစ်အစ်တီအန်နဲ့ ဩစတြေးလျနိုင်ငံ ကင်ဘာရာမှာ ခန့်အပ်ထားတဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေကို ညှိနှိုင်းမှုတွေအတွက် ပါရီကို ပြန်ခေါ်ထားတယ်လို့ ပြင်သစ်သံရုံးရဲ့ တွစ်တာမှာလည်း ရေးထားပါတယ်။ 

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျနိုင်ငံတွေရဲ့ AUKUS မဟာမိတ်ဖွဲ့မှုကို တုံ့ပြန်တဲ့အနေနဲ့ သူ့သံတမန်တွေကို ပြန်ခေါ်တာလို့လည်း မီဒီယာတွေမှာ ဖော်ပြပါတယ်။ 

ဒါဟာ မဟာမိတ်တွေ မိတ်ဖက်တွေအတွက် လက်မခံနိုင်စရာ အပြုအမူတွေကို ဖန်တီးလုပ်ဆောင်တာဖြစ်တယ်လို့လည်း ပြင်သစ်အစိုးရက ဝေဖန်ပါတယ်။

1 week Ago
More News
Up