ပြင်သစ်မြို့တော် ပါရီက လူမျိုးရေး ခွဲခြားမှု ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲတွေက ဇွန် ၂ ရက်မှာ မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ခတ် လူစုခွဲခဲ့ပါတယ်။
၂၀၁၆ ခုနှစ်က ရဲစစ်ဆင်ရေးအတွင်း အာဖရိကန်နွယ်ဖွား ပြင်သစ်နိုင်ငံသား အာဒါမာထရာအို သေဆုံးမှုကို ဆန့်ကျင် ဆန္ဒပြပွဲကို ဇွန် ၂ ရက်အစောပိုင်းမှာ ရဲတွေက တားမြစ်ပိတ်ပင်ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် လူစုလူဝေး လုပ်ရင် ကျန်းမာရေး ဘေးအန္တရာယ် ရှိတဲ့အပြင် လူမှုရေး မတည်ငြိမ်မယ့်ဘေးတွေ ရှိတယ်လို့ ပါရီ ရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
အမေရိကန်မှာ လက်နက်မဲ့ လူမည်း အမျိုးသားရဲ့ လည်ပင်းကို လူဖြူ ရဲအရာရှိက ဒူးနဲ့ ၉ မိနစ် ထောက်ထားခဲ့လို့ သေဆုံးခဲ့တဲ့အတွက် ပြည်လုံးကျွတ် ဆန္ဒပြပွဲတွေ ဖြစ်နေတာပါ။
ဒါကြောင့် လူမည်းတွေရဲ့ အသက်လည်း အရေးပါတယ်လို့ နာမည်ပေးထားတဲ့ လှုပ်ရှားမှုတွေဟာ နယ်သာလန်နိုင်ငံကနေ ကင်ညာနိုင်ငံထိ အပါအဝင် တခြားနိုင်ငံတွေဆီ ကူးစက်ခဲ့ပါတယ်။
9 months Ago