ပြင်သစ် ဒီဂျေ

A d v e r t i s e m e n t With Us

December 31, 2020

လူတိုင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးကြရန် ပြင်သစ် ဒီဂျေ ဒေးဗစ်ဂတ်တာ တိုက်တွန်း

ပြင်သစ် နာမည်ကြီး  ဒီဂျေသမား ဒေးဗစ်ဂတ်တာက လူတိုင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးကြဖို့ ဒီဇင်ဘာ  ၂၉ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ ဒီဂျေ ဂတ်တာဟာ ယူနီဆက်ဖ်နဲ့ ပြင်သစ်ကုသိုလ်ဖြစ် အဖွဲ့အစည်း လယ်ဟက်ဆိုဒူကော် အတွက် ရန်ပုံငွေ ရှာပေးမှာဖြစ်ပြီး နှစ်သစ်ကူးအကြိုနေ့မှာ လွှင့်သွားမယ့် လုဗ်ပြတိုက်ရှေ့ ရန်ပုံငွေ ဖြော်ဖြေပွဲ အသံမသွင်းမီမှာ ဒီဂျေဂတ်တာက ပြောဆိုသွားတာပါ။ ဒီဂျေဂတ်တာက သူလည်း ကာကွယ်ဆေး ထိုးနှံခံမှာ ဖြစ်သလို အားလုံးကိုလည်း ကာကွယ်ဆေးထိုးနှံခံဖို့ မျှော်လင့်တယ်ဆိုပြိး ပြောခဲ့ပါတယ်။ ဒီအခြေအနေကနေ လွတ်ဖို့တခြားနည်းလမ်း မတွေ့လို့ပါ ဆိုပြီးလည်း ဂတ်တာက အကြောင်းပြချက် ပေးခဲ့ပါတယ်။ ပြင်သစ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ  ၂ ဒသမ ၅၇ သန်း ရှိပြီး သေဆုံးသူ  ၆၄,၀၀၀ ကျော်ရှိပြီး ဥရောပနိုင်ငံတွေနဲ့ ကမ္ဘာမှာ ကိုဗစ်ဒဏ် အဆိုးရွားဆုံး ခံစားရတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ကမ္ဘာ့ သံသယအများဆုံး လူတွေထဲမှာ ပြင်သစ်တွေလည်း ပါဝင်ပါတယ်။ လူထု စစ်တမ်းအရ ကိုဗစ်ကာကွယ်ဆေးထိုး နှံဖို့ ရည်ရွယ်ထားတဲ့ ပြင်သစ် နိုင်ငံသားတွေဟာ   လူဦးရေ ထက်ဝက်တောင် မရှိဘူးလို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 months Ago
Up