ပြင်သစ်အသင်း

A d v e r t i s e m e n t With Us

November 16, 2020

ပြင်သစ်အသင်းတွင် ပေါ့ဘာနှင့် တွဲဖက်ကစားရသဖြင့် ကျေနပ်ပျော်ရွှင်ဟု ကန်တေပြော

ပြင်သစ်လက်ရွေးစင်သင်းမှာ ပေါ့ဘာနဲ့အတူ တွဲဖက်ကစားခွင့်ရတာကို ကျေနပ်ပျော်ရွှင်မိတယ်လို့ အသင်းဖော် ကန်တေက ပြောပါတယ်။  ပြင်သစ်အသင်းက ပေါ်တူဂီအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ကန်တေက တစ်လုံးတည်းသော အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။  အဲဒီပွဲစဉ်မှာ ကန်တေနဲ့ ပေါ့ဘာတို့ ကွင်းလယ်အတွဲအဖက်ကို နည်းပြဒက်ချမ့်က အသုံးပြုခဲ့ပါတယ်။  ကန်တေနဲ့ ပေါ့ဘာတို့ဟာ ပြင်သစ်အတွက် အတူတွဲဖက် ကစားခဲ့တဲ့ ပွဲစဉ် ၂၆ ပွဲမှ ာရှုံးပွဲ လုံးဝမရှိခဲ့ဘဲ ပွဲ ၂၀ အထိ အနိုင်ရရှိခဲ့ပါတယ်။ ပေါ့ဘာမှာ ဒဏ်ရာပြဿနာတွေရှိခဲ့တာကြောင့် ပြင်သစ်အသင်းမှာ အတူတွဲဖက် ကစားခွင့်မရခဲ့တာ ကြာခဲ့ပြီဖြစ်တယ်လို့ ကန်တေက ပြောပါတယ်။ ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ခဲ့စဉ်က အတူကစားခဲ့ရတာကို အမှတ်တရဖြစ်ခဲ့ပြီး ပေါ့ဘာနဲ့ တွဲဖက် ကစားရတာကို ကျေနပ်ပျော်ရွှင်ရတယ်လို့ ကန်တေက ပြောပါတယ်။
2 months Ago

November 15, 2020

ပေါ်တူဂီအသင်းကို အနိုင်ယူခဲ့သဖြင့် ဂုဏ်ယူကျေနပ်ကြောင်း ပြင်သစ်နည်းပြ ပြော

ပေါ်တူဂီအသင်းလို ထိပ်တန်းအသင်းကို အနိုင်ယူပြီး နေးရှင်းလိဂ် နောက်ဆုံးအဆင့် တက်ရောက်နိုင်ခဲ့လို့ ဂုဏ်ယူမိတယ်လို့ ပြင်သစ်နည်းပြ ဒက်ချမ့်က ပြောပါတယ်။  ပြင်သစ်အသင်းဟာ ပေါ်တူဂီအသင်းကို ကွင်းလယ်လူ ကန်တေရဲ့ ၅၃ မိနစ်မှာသွင်းယူခဲ့တဲ့ ဂိုးနဲ့ အဝေးကွင်းမှာ နိုင်ပွဲရယူနိုင်ခဲ့တာပါ။  ပေါ်တူဂီနဲ့ ပွဲမတိုင်ခင်ခြေစမ်းပွဲမှာ ဖင်လန်ကို ၂ ဂိုး ဂိုးမရှိနဲ့ရူံးနိမ့်ခဲ့လို့ ဝေဖန်ခံခဲ့ရပေမယ့် အနိုင်လိုအပ်တဲ့ပွဲမှာတော့ အရေးပါတဲ့ နိုင်ပွဲရယူနိုင်ခဲ့တာပါ။  ထိပ်တန်းအရည်အသွေးရှိတဲ့ အသင်းနဲ့ ရင်ဆိုင်ခဲ့ရလို့  အကောင်းဆုံးစွမ်းဆောင်ရည်မျိုးလိုအပ်ခဲ့ပြီး ပြင်သစ်အသင်းက စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့သလို ပွဲကို ထိန်းချုပ် ကစားနိုင်ခဲ့တယ်လို့ နည်းပြဒက်ချမ့်က ပွဲအပြီးမှာ ပြောပါတယ်။  ပေါ်တူဂီနည်းပြ ဆန်းတို့စ်ကိုတော့ လီဗာပူးမှာခြေစွမ်းပြနေတဲ့ ဒီယေဂိုဂျိုတာကို ပွဲထွက်ခွင့်မပေးတဲ့အတွက် ဝေဖန်ခံခဲ့ရပေမယ့် အသုံးပြုခဲ့တဲ့ ဘာနာဒိုဆေးလ်ဗား၊ ဂျာအိုဖိလစ်နဲ့ ရော်နယ်ဒိုတို့ဟာလည်း အကောင်းဆုံးခြေစွမ်းရှိသူတွေ ဖြစ်တယ်လို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။  ပြင်သစ်အသင်းဟာ ပေါ်တူဂီကို အနိုင်ရခဲ့လို့ လက်ကျန်တစ်ပွဲအလိုမှာ ၃ မှတ်အသာရခဲ့ပြီး ထိပ်တိုက်တွေ့ဆုံမှုမှာလည်း တစ်ပွဲနိုင် တစ်ပွဲသရေ ရလဒ်ဖြစ်ခဲ့လို့ နောက်ဆုံးအဆင့် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
2 months Ago
More News
Up