ပြင်သစ်အစိုးရ

A d v e r t i s e m e n t With Us

December 6, 2020

ပြင်သစ်အစိုးရ ဆန့်ကျင့်ဆန္ဒပြပွဲအတွင်း အကြမ်းဖက်မှုများ ဖြစ်ပွား

ပြင်သစ်နိုင်ငံရဲ့ မြို့တော် ပါရီမှာ ဒီဇင်ဘာ ၅ ရက်နေ့က ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီးနောက် အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒပြသူတွေ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေကို ပစ်ခတ်ပြီး ဈေးဆိုင်ပြတင်းတွေ၊ ကားတွေ အရန်တားတွေကို ဖျက်ဆီး မီးရှို့ခဲ့ကြပါတယ်။ ထောင်ချီတဲ့လူတွေ ပါရီမှာ ဆန္ဒပြချိန်က ငြိမ်းငြိမ်းချမ်းချမ်း စတင်ချီတက်ခဲ့ကြပေမဲ့ ရဲနဲ့ ဝတ်စုံနက်ဝတ်ပြီး မျက်နှာဖုံးစွပ်ထားတဲ့ ဆန္ဒပြသူတချို့ကြား ရုန့်ရင်းဆန်ခတ် ဖြစ်အပြီး အကြမ်းဖက်မှုဖြစ်ခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ သမ္မတ အီမန်နျူယယ် မက်ခွန်းရဲ့ လုံခြုံရေးမူဝါဒ အစီအစဉ်တွေဟာ အရပ်ဘက် လွတ်လပ်ခွင့်ကို ကန့်သတ်လိမ့်မယ်လို့ ဆန္ဒပြသူတွေက ပြောပြီး ရဲတွေရဲ့ ရက်စက်မှုကို ပြစ်တင် ရှုတ်ချခဲ့ကြပါတယ်။ ဆန္ဒပြပွဲထဲကို အဓိကရုဏ်းသမား အယောက် ၅၀၀ လောက် စိမ့်ဝင်နှောင့်ယှက်ခဲ့တယ်လို့ ရဲတွေက ပြောကြောင်း BFM TV ရုပ်သံက ဆိုပါတယ်။  ဖြစ်စဉ်အတွင်း လူ ၂၂ ယောက် အဖမ်းခံရတယ်လို့ ပါရီမြို့တော် ရဲတပ်ဖွဲ့က ပြောပါတယ်။ 
3 months Ago

September 16, 2020

ကူးတို့သင်္ဘောကုမ္ပဏီများကို  ပြင်သစ်အစိုးရက ယူရိုငွေ သန်း ၃၀ လျော်ကြေးပေးမည်

ကိုဗစ်-၁၉ ကပ်ဘေးနဲ့ ဥရောပသမဂ္ဂကနေ ဗြိတိန် နုတ်ထွက်မှု Brexit တွေကြောင့် ထိခိုက်နစ်နာခဲ့တဲ့ ပြင်သစ် ကူးတို့ရေယာဉ်ကုမ္ပဏီတွေကို လျော်ကြေးအနေနဲ့ ယူရိုငွေ သန်း ၃၀ ကို ပြင်သစ်အစိုးရက ပေးသွားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ရောဂါခြေချုပ်ကန့်သတ်ချက်တွေနဲ့ Brexit ကြောင့် ခရီးသွားမှု ကျဆင်းတဲ့အတွက် ပြင်သစ်နဲ့ ဗြိတိန်ကြား လွန်းပျံပြေးဆွဲတဲ့ သင်္ဘောကုမ္ပဏီတွေလည်း ထိခိုက်နစ်နာခဲ့တာပါ။ ပြင်သစ် ဝန်ကြီးချုပ်က “၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ကုန်ကျစရိတ်တွေအားလုံးကို ဘရစ်တနေ ဖယ်ရီလုပ်ငန်း အောက်မှာ ပြေးဆွဲတဲ့ ကူးတို့ယာဉ်လုပ်ငန်းအားလုံးအတွက် ပြန်ပေးဖို့ ကျနော်တို့ ဆုံးဖြတ်ပြီးပြီ။ ယူရိုငွေ ၁၅ သန်းဝန်းကျင်လောက် ကတိပြုနိုင်တယ်”လို့ ပြောပါတယ်။ အလားတူ ငွေပမာဏကို တခြား ကူးတို့ရေယာဉ်ကုမ္ပဏီတွေဆီ ကမ်းလှမ်းမယ်လို့လည်း ဝန်ကြီးချုပ်က မနေ့က လွှတ်တော်မှာ ဖြည့်စွက် ပြောဆိုပါတယ်။
6 months Ago
More News
Up