ပြင်သစ်ဝန်ကြီး

A d v e r t i s e m e n t With Us

January 4, 2020

နစ်ဆန်းကုမ္ပဏီဥက္ကဋ္ဌဟောင်းအား ပြန်မလွှဲပေးဟု ပြင်သစ်ပြော

နစ်ဆန်းမော်တော်ကားကုမ္ပဏီဥက္ကဌဟောင်း ကားလို့စ်ဂွန်းသာ  ပြင်သစ်ကို ပြန်လာပါက သူ့ကို ပြစ်မှုကျူးလွန်ရာ နိုင်ငံဆီ ပြန်လွှဲပေးမှာမဟုတ်ဘူးလို့  ပြင်သစ်ဝန်ကြီးတဦးက ဇန်နဝါရီ ၂ ရက်မှာ ပြောလိုက်ပါတယ်။  ပြင်သစ် စီးပွားရေးနဲ့ ဘဏ္ဍာရေး အငယ်တန်းဝန်ကြီး အန်းညက်စ် ပန်နီယာက   ပြင်သစ်ဟာ သူ့နိုင်ငံသားတွေကို ဘယ်တော့မှ ပြန်လွှဲမပေးသလို တကယ်လို့ ကားလို့စ်ဂွန်း ပြန်လာရင်လည်း  အဲဒီအတိုင်းပဲဖြစ်မယ်လို့ ပြောခဲ့ပါတယ်။  ကားလို့စ်ဂွန်းဟာ  ပြင်သစ်နဲ့ လက်ဘနွန်ငံသား ခံယူထားပြီး  အခုသူဟာ လက်ဘနွန်နိုင်ငံကို ရောက်ရှိနေပါတယ်။   အဂတိလိုက်စားမှု စွဲချက်တွေ ရင်ဆိုင်နေရတဲ့  ဂွန်းစ်ဟာ ဒီဇင်ဘာ ၂၉ ရက်ညက ကန်ဇိုင်း နိုင်ငံတကာလေဆိပ်ကနေ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ထွက်ပြေးခဲ့တယ်လို့ ဂျပန်မီဒီယာတခုက ဇန်နဝါရီ ၃ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ 
1 year Ago
Up