ပြင်သစ်လွှတ်တော်

November 25, 2020

စာနယ်ဇင်းလွတ်လပ်ခွင့် အငြင်းပွားဖွယ် ဥပဒေမူကြမ်းကို ပြင်သစ်လွှတ်တော် အတည်ပြု

ရဲအရာရှိတယောက်ရဲ့ မျက်နှာကို ဓာတ်ပုံနဲ့ ရုပ်သံရိုက်ကူးပြီး အွန်လိုင်းပေါ် မျှဝေမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်မယ့် အငြင်းပွားဖွယ် ဥပဒေမူကြမ်းကို ပြင်သစ်လွှတ်တော်က နိုဝင်ဘာ ၂၄ ရက်မှာ အတည်ပြုလိုက်ပါတယ်။ လွှတ်တော်အမတ် ၃၈၈ ယောက်က ထောက်ခံပြီး ၁၀၄ ယောက်က ကန့်ကွက်ခဲ့တဲ့ ဥပဒေမူကြမ်းဟာ ခုတော့ အထက်လွှတ်တော်မှာ ဒုတိယအချီ အတည်ပြုဖို့  ရောက်နေပါပြီ။ ဒီဥပဒေမူကြမ်းအရ ရဲအရာရှိကို အန္တရာယ်ပြုဖို့ ရည်ရွယ်ချက်နဲ့ သူ့ဓာတ်ပုံကို မျှဝေရင် ဘယ်သူမဆို ထောင်ဒဏ် တနှစ်နဲ့ ငွေဒဏ် ယူရိုငွေ ၄၅,၀၀၀ နဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၅၃,၄၅၀ ကျခံရနိုင်ပါတယ်။ ပြင်သစ် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းထောက်တွေကတော့ ဒီဥပဒေ မူကြမ်းကို ဆန့်ကျင်ဆန္ဒပြပါတယ်။ ပြင်သစ် ဝန်ကြီးချုပ်က “ဒါဟာ လွတ်လပ်စွာ ဖော်ထုတ်ခွင့်နဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်တွေကို အစိုးရက ပစ်မှတ်ထားတာ မဟုတ်ဘူး။ ဒါပေမဲ့ ရဲတပ်ဖွဲ့ကို ထိခိုက်စေချင်တဲ့ ရည်မှန်းချက်နဲ့ ပုံတွေ စာတွေကို ဖြန့်ဖြူးမှုကနေ ရဲတွေကို ကာကွယ်ပေးဖို့ လိုရင်းပဲ” လို့ ပြောပါတယ်။ ပြင်သစ် အစိုးရကိုယ်တိုင် ဒီဥပဒေမူကြမ်းဟာ အခြေခံဥပဒေနဲ့ လိုက်လျောညီထွေ ရှိ၊ မရှိ စိစစ်ဖို့ အခြေခံဥပဒေကောင်စီကို တင်ပြသွားမယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။
1 year Ago
Up