ပြင်သစ်ရဲအရာရှိ ၃ ဦး

December 23, 2020

ပြင်သစ်ရဲအရာရှိ ၃ ဦး ပစ်သတ်ခံရ

ပြင်သစ်နိုင်ငံအလယ်ပိုင်းက ပွေ့ဒယ်ဒုန်းမ်ဒေသထဲမှာ ရဲအရာရှိ ၃ ယောက် အသေပစ်သတ် ခံရတယ်လို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၃ ရက်မှာ အတည်ပြုပါတယ်။ ပစ်သတ်ခံရတဲ့ ရဲအရာရှိတွေဟာ အသက် ၂၁၊ ၃၇ နဲ့ ၄၅ နှစ် အသီးသီး ရှိကြတယ်လို့ ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။ အမျိုးသမီးတယောက်အပေါ် အိမ်တွင်းအကြမ်းဖက်မှုနဲ့ တိုင်ကြားချက်ကို ဖြေရှင်းနေချိန်မှာ ရဲအရာရှိ ၃ ယောက် ပစ်သတ်ခံရတာလို့လည်း ဝန်ကြီးဌာနက အတည်ပြုထားပါတယ်။
10 months Ago
Up