ပြင်သစ်ဘဏ်

August 7, 2020

ပြင်သစ်ဘဏ်တခုတွင်  လူ ၆ ယောက်ပြန်ပေးဆွဲခံရ

ပြင်သစ်မြောက်ပိုင်း လိုအာဗာဒေသက  ဘဏ်တစ်ခုမှာ  သြဂုတ်လ ၆ ရက်က  သေနတ်ကိုင် တစ်ယောက်က လူ ၆ ယောက်ကို ပြန်ပေးဆွဲခဲ့ပါတယ်။  အဲဒီနောက် ပြန်ပေးသမားကို ရဲတပ်ဖွဲ့ ညှိနှိုင်းရေးမှူး တစ်ယောက်က ဆက်သွယ်ခဲ့တယ်လို့ BFMTV သတင်းဌာနက ထုတ်လွှင့် ပါတယ်။  ဒီနောက်မှာတော့ ပြန်ပေးသမားဟာ ဖမ်းဆီးထားသူတွေကို တစ်ယောက်ပြီး တစ်ယောက် ပြန်လွှတ်ပေးခဲ့ပါတယ်။   နောက်ဆုံး တစ်ယောက် ကျန်ချိန်မှာတော့ ရဲတပ်ဖွဲ့က ဝင်စီးနင်းခဲ့ပြီး ပြန်ပေးသမားဟာ ရဲတပ်ဖွဲ့ထံ လက်နက်ချခဲ့ပါတယ်။  ခြောက်နာရီကြာပဋိပက္ခအတွင်း ပြန်ပေးသမားကို ဖမ်းဆီးရာမှာ လက်နက်အသုံးပြုခဲ့တာ မရှိဘူးလို့လည်း ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြော ပါတယ်။   ပြန်ပေးဆွဲသူဟာ  အသက် ၃၄ နှစ်အရွယ်  စိတ်ကျန်းမာရေး  ပြဿနာရှိသူဖြစ်ပြီး သူ့မှာပစ္စတိုတစ်လက်ပါလာခဲ့တယ်လို့ ရဲတပ်ဖွဲ့က ရိုက်တာကို ပြောပါတယ်။  သူဟာ အိုင်အက်စ် ထောက်ခံသူ တစ်ဦးလို့ ယုံကြည်ရတယ်ဆိုပြီး  ရဲတပ်ဖွဲ့ တာဝန်ရှိသူ နှစ်ဦးက  ပြောဆိုပေမယ့်  အတည်ပြု ထုတ်ပြန်ခဲ့တာ မရှိဘူးလို့ ရိုက်တာက ဖော်ပြပါတယ်။ 
3 years Ago
Up