ပြင်သစ်နှင့်အီရတ်သမ္မတ

August 29, 2021

ပြင်သစ်နှင့်အီရတ်သမ္မတတို့ လုံခြုံရေးနှင့်သံတမန်ရေး ဆွေးနွေး

  ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခွန်းဟာ အီရတ်သမ္မတ ဘာဟမ် ဆာလစ်သ် နဲ့ အီရတ်မြို့တော် ဘဂ္ဂဒက်မှာ သြဂုတ် ၂၈ ရက်က တွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက်ရေး ပုံစံသစ် အနေနဲ့ လုံခြုံရေးနဲ့ သံတမန်ရေးတွေကို ဆွေးနွေးခဲ့ကြပါတယ်။

အီရတ်အစိုးရက တည်ခင်းကျင်းပမယ့် ထိပ်သီးညီလာခံ မတိုင်ခင် ဆွေးနွေးကြတာပါ။ အီရတ်အစိုးရက အီရတ်ပိုင်နက်ကို မသတ်မှတ်ခင် အိမ်နီးချင်းတွေနဲ့ ဆွေးနွေးချင်နေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ထိပ်သီးညီလာခံကို တက်ရောက်မယ့် နိုင်ငံ့အကြီးအကဲတွေထဲမှာ အီဂျစ်သမ္မတ အဘ်ဒယ် ဖှာတာ အယ်လ်စီစီ၊ ဂျော်ဒန်ဘုရင် အဗ်ဒူလာ၊ ကာတာ စော်ဘွား ရှိတ်တာမင် ဘင် ဟာမဒ်အယ်လ် သင်းနီနဲ့ ပြင်သစ်သမ္မတ မက်ခွန်းတို့ ပါပါတယ်။

ကူဝိတ်နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့က အစိုးရအဖွဲ့ ခေါင်းဆောင်တွေကို စေလွှတ်သလို တူရကီအစိုးရက နိုင်ငံခြားရေးဝန်ကြီးကို စေလွှတ်ခဲ့တာပါ။

“ကျနော်တို့ဟာ လူတိုင်း ဆွေးနွေးပွဲမှာ ရောက်လာအောင် စီမံခဲ့တယ်” လို့ ထိပ်သီးညီလာခံ မစခင် ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ မက်ခွန်းက ပြောပါတယ်။

မက်ခွန်းဟာ ပြင်သစ်ခရီးစဉ်မှာ ဒေသတွင်းဆွေးနွေးပွဲကို ထောက်ခံဖို့၊ အီရတ် နိုင်ငံရေး ခေါင်းဆောင်တွေကို တွေ့ဆုံဖို့နဲ့ အိုင်အက်စ် စစ်သွေးကြွတွေကို တိုက်ခိုက်နေဆဲ ပြင်သစ် အထူးတပ်ဖွဲ့ဝင်တွေဆီ သွားရောက်လည်ပတ်ဖို့ ရည်မှန်းထားပါတယ်။

3 months Ago
Up