ပြင်သစ်နိုင်ငံသား

August 10, 2020

နိုက်ဂျာနိုင်ငံတွင် ပြင်သစ်နိုင်ငံသား ၆ ဦးအပါအဝင် ၈ ဦး အသတ်ခံရ

အာဖရိကအနောက်ပိုင်း နိုက်ဂျာနိုင်ငံမှာ မော်တော်ဆိုင်ကယ်စီး သေနတ်သမားတွေက ကမ္ဘာလှည့် ပြင်သစ်ခရီးသည် ၆ ယောက် နိုက်ဂျာနိုင်ငံသား ဧည့်လမ်းညွှန် ၁ ယောက်နဲ့ ကားမောင်းသူတို့ကို သြဂုတ် ၉ ရက်က သတ်ဖြတ်ခဲ့တယ်လို့ ဒေသန္တရ အုပ်ချုပ်ရေးမှူးကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြပါတယ်။ တိုက်ခိုက်သူတွေဟာ ကူရေဒေသမှာ လျှပ်တပြက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီကိစ္စကို စုံစမ်းစစ်ဆေးနေပြီလို့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ နိုက်ဂျာ အစိုးရဘက်ကတော့ မှတ်ချက်တစုံတရာ မတုံ့ပြန်သေးပါဘူး။ နီယာမေမြို့တော် အရှေ့တောင်ဘက်က သစ်ကုလားအုတ် ဘေးမဲ့တောဟာ နိုက်ဂျာနိုင်ငံရဲ့ လူကြိုက်များတဲ့ ဆွဲဆောင်မှု တရပ်လည်း ဖြစ်ပါတယ်။ ပြင်သစ်အစိုးရဟာ နိုက်ဂျာနိုင်ငံရဲ့ မြို့တော် နီယာမေရဲ့ အပြင်ဘက် ကျယ်ပြန့်တဲ့ အစိတ်အပိုင်းတွေမှာ ခရီးမသွားကြဖို့ လူထုကို သတိပေးထားပါတယ်။ အဲဒီဒေသတွေမှာ ဘိုကိုဟာရမ် အပါအဝင် အစ္စလာမ္မစ် စစ်သွေးကြွအုပ်စုတွေ လှုပ်ရှားနေပါတယ်။  တချိန်က ဒီဒေသအတွင်း ကိုလိုနီသြဇာရှိခဲ့တဲ့ ပြင်သစ်ဟာ နိုက်ဂျာအပါအဝင် ဆာဟဲလ် ဒေသတွင်းက အစ္စလာမ္မစ် စစ်သွေးကြွတွေကို တိုက်ထုတ်ဖို့ အနောက်အာဖရိက မဟာမိတ်တွေနဲ့ ဥရောပ မဟာမိတ်တွေကြား ဇွန်လမှာ မဟာမိတ်ဖွဲ့ခဲ့ပါတယ်။ ၂၀၁၃ နောက်ပိုင်း ဆာဟာရကန္တာရတောင်ပိုင်း ခြောက်သွေ့ရပ်ဝန်းမှာ ထောင်ချီတဲ့ စစ်တပ်ကို ပြင်သစ်အစိုးရက တပ်ချထားပေမဲ့ အယ်လ်ကိုင်းဒါး၊ အိုင်အက်စ်တို့နဲ့ ပတ်သက်နေတဲ့ စစ်သွေးကြွအုပ်စုတွေ ကျူးလွန်တဲ့  ရာဇဝတ်မှုတွေ ပိုတိုးလာနေပါတယ်။
8 months Ago

August 4, 2019

ပြင်သစ်နိုင်ငံသား တီထွင်ထားသည့် ဂျက်အင်ဂျင်သုံး လေပေါ်ပျံစက် စမ်းသပ်မှု အောင်မြင် (ရုပ်သံ)

ပြင်သစ်နိုင်ငံသား ဖရန်ကီ ဇာပတာဟာ သြဂုတ် ၄ ရက်က သူကိုယ်တိုင်တီထွင်ထားတဲ့ ဂျက်အင်ဂျင်သုံး လေပေါ်ပျံစက်ကိုစီးပြီး ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံကြားက ရေလက်ကြားပေါ်ကို ဒုတိယအကြိမ် ပျံသန်းမှု အောင်မြင်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ဇာပတာဟာ အသေးစား ဂျက်အင်ဂျင် ငါးလုံးတပ်ဆင်ထားတဲ့ နင်းပြားနဲ့ ရေနံဆီ ၄၂ လီတာထည့်တားတဲ့ ကျောပိုးအိတ်ကိုစီးပြီး ပြင်သစ်နိုင်ငံ ဆွန်ဂတ်မြို့ကနေ စတင်ထွက်ခွာခဲ့ပါတယ်။  မိနစ် ၂၀အတွင်း ဗြိတိန်ပိုင်နက်ထဲက ဒိုဗာမြို့ကို ရောက်ဖို့ ကြိုးစားခဲ့တာပါ။ သူဟာ ဇူလိုင် ၂၅ ရက်ကလည်း အဲဒီ flyboadကို စီးပြီး ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံကြားက ရေလက်ကြားပေါ် ဖြတ်သန်းဖို့ ကြိုးစားခဲ့ပါသေးတယ်။  ဒါပေမယ့် လမ်းတစ်ဝက်မှာ လောင်စာပြန်ဖြည့်ဖို့ လွှဲချော်ခဲ့တာကြောင့် သတ်မှတ်ထားတဲ့ ပန်းတိုင်ထိမရောက်ဘဲ ရေထဲပြုတ်ကျသွားခဲ့ပါတယ်။  အဲဒီလေပေါ်ပျံစက်ဟာ အမြင့် ၁၅ မီတာကနေ မီတာ ၂၀ အထိ ရောက်ရှိနိုင်ပြီး တစ်နာရီကို ၈၇ မိုင်အထိ ပျံသန်းနိုင်ပါတယ်။  ဇူလိုင်လ ၁၄ ရက်က  မြို့တော်ပါရီမှာ ကျင်းပခဲ့တဲ့ ပြင်သစ်အမျိုးသားနေ့ စစ်ရေးပြအခမ်းအနားမှာ ဇာပတာက အဲဒီလေပေါ်ပျံစက်ကို ပထမဆုံး စီးပြခဲ့တာပါ။  ဇာပတာရဲ့ ပြကွက်ကို အခမ်းအနား တက်ရောက်လာတဲ့ ပြင်သစ်သမ္မတ အီမန် နျူရယ် မက်ခရွန်းနဲ့ ဥရောပခေါင်းဆောင်တွေက အားပေးခဲ့တဲ့အပြင် အင်တာနက်စာမျက်နှာတွေပေါ်မှာ လည်း ပျံ့နှံ့ခဲ့ပါတယ်။ -------------------------- Zawgyi Version ျပင္သစ္ႏိုင္ငံသား တီထြင္ထားသည့္ ဂ်က္အင္ဂ်င္သုံး ေလေပၚပ်ံစက္ စမ္းသပ္မႈ ေအာင္ျမင္ (႐ုပ္သံ) DVB   ျပင္သစ္ႏိုင္ငံသား ဖရန္ကီ ဇာပတာဟာ ၾသဂုတ္ ၄ ရက္က သူကိုယ္တိုင္တီထြင္ထားတဲ့ ဂ်က္အင္ဂ်င္သုံး ေလေပၚပ်ံစက္ကိုစီးၿပီး ျပင္သစ္နဲ႔ ၿဗိတိန္ႏိုင္ငံၾကားက ေရလက္ၾကားေပၚကို ဒုတိယအႀကိမ္ ပ်ံသန္းမႈ ေအာင္ျမင္ခဲ့တယ္လို႔ ႐ိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။ ဇာပတာဟာ အေသးစား ဂ်က္အင္ဂ်င္ ငါးလုံးတပ္ဆင္ထားတဲ့ နင္းျပားနဲ႔ ေရနံဆီ ၄၂ လီတာထည့္တားတဲ့ ေက်ာပိုးအိတ္ကိုစီးၿပီး ျပင္သစ္ႏိုင္ငံ ဆြန္ဂတ္ၿမိဳ႕ကေန စတင္ထြက္ခြာခဲ့ပါတယ္။  မိနစ္ ၂၀အတြင္း ၿဗိတိန္ပိုင္နက္ထဲက ဒိုဗာၿမိဳ႕ကို ေရာက္ဖို႔ ႀကိဳးစားခဲ့တာပါ။ သူဟာ ဇူလိုင္ ၂၅ ရက္ကလည္း အဲဒီ flyboadကို စီးၿပီး ျပင္သစ္နဲ႔ ၿဗိတိန္ႏိုင္ငံၾကားက ေရလက္ၾကားေပၚ ျဖတ္သန္းဖို႔ ႀကိဳးစားခဲ့ပါေသးတယ္။  ဒါေပမယ့္ လမ္းတစ္ဝက္မွာ ေလာင္စာျပန္ျဖည့္ဖို႔ လႊဲေခ်ာ္ခဲ့တာေၾကာင့္ သတ္မွတ္ထားတဲ့ ပန္းတိုင္ထိမေရာက္ဘဲ ေရထဲျပဳတ္က်သြားခဲ့ပါတယ္။  အဲဒီေလေပၚပ်ံစက္ဟာ အျမင့္ ၁၅ မီတာကေန မီတာ ၂၀ အထိ ေရာက္ရွိႏိုင္ၿပီး တစ္နာရီကို ၈၇ မိုင္အထိ ပ်ံသန္းႏိုင္ပါတယ္။  ဇူလိုင္လ ၁၄ ရက္က  ၿမိဳ႕ေတာ္ပါရီမွာ က်င္းပခဲ့တဲ့ ျပင္သစ္အမ်ိဳးသားေန႔ စစ္ေရးျပအခမ္းအနားမွာ ဇာပတာက အဲဒီေလေပၚပ်ံစက္ကို ပထမဆုံး စီးျပခဲ့တာပါ။  ဇာပတာရဲ႕ ျပကြက္ကို အခမ္းအနား တက္ေရာက္လာတဲ့ ျပင္သစ္သမၼတ အီမန္ န်ဴရယ္ မက္ခ႐ြန္းနဲ႔ ဥေရာပေခါင္းေဆာင္ေတြက အားေပးခဲ့တဲ့အျပင္ အင္တာနက္စာမ်က္ႏွာေတြေပၚမွာ လည္း ပ်ံ႕ႏွံ႔ခဲ့ပါတယ္။
2 years Ago
Up