ပြင်သစ်နည်းပြပြော

October 14, 2019

ဘင်ဇီမာကို ပြန်ရွေးမည်မဟုတ်ဟု ပြင်သစ်နည်းပြပြော

ဘင်ဇီမာကို ပြင်သစ် လက်ရွေးစင်မှာ ပြန်ရွေးဖို့ စဉ်းစားမှာမဟုတ်ကြောင်း နည်းပြဒမ့်ချမ့်က အတည်ပြုလိုက်ပါတယ်။  ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူးဘင်ဇီမာဟာ ၂၀၁၅ ခုနှစ်ကတည်းက လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး အရူပ်အထွေးတခုကြောင့် ပြင်သစ်လက်ရွေးစင်အသင်းက ရွေးချယ်ခြင်း မပြုတော့တာ ဖြစ်ပါတယ်။ အဆိုပါ လူမျိုးရေးခွဲခြားမှုနဲ့ လိင်ပိုင်းဆိုင်ရာကိစ္စမှာ ဘင်ဇီမာနဲ့ အတူ ရီဘာရီ၊ နာဆရီနဲ့ ဗယ်ဘူနာတို့လည်း ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။  ဒါကြောင့် ပြင်သစ်အသင်းက အဲဒီကစားသမားတွေကို လက်ရွေးစင်အသင်းမှာ ရွေးချယ်ခြင်းမပြုတော့တာ ဖြစ်ပါတယ်။  ဒါပေမယ့် လက်ရှိအချိန်မှာတော့ ကွင်းလယ်ကစားသမား ဗယ်ဘူနာကို ပြန်လည်ရွေးချယ်ထားတဲ့အတွက် တိုက်စစ်မှူးဘင်ဇီမာကိုလည်း ရွေးချယ်မလားဆိုတဲ့ မေးခွန်းအပေါ်မှာ နည်းပြဒမ့်ချမ့်က ရွေးချယ်မှာ မဟုတ်ကြောင်း ပြန်လည်ဖြေကြားခဲ့တာပါ။ ဘင်ဇီမာကို ရွေးချယ်တာဟာ အသင်းအတွက် အကောင်းဆုံး အကျိုးဖြစ်ထွန်းမယ်လို့ မထင်တာကြောင့် ဖြစ်တယ်လို့ ဒမ့်ချမ့်က ပြောပါတယ်။
2 years Ago
Up