ပြင်သစ်တွင် လော့ဒေါင်း ပြန်ချမည်

A d v e r t i s e m e n t With Us

October 29, 2020

ကိုဗစ်-၁၉ ကူးစက်မှုနှင့်သေဆုံးနှုန်း မြင့်လာသဖြင့် ပြင်သစ်တွင် လော့ဒေါင်း ပြန်ချမည်

ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်ဖို့ ဒီသီတင်းပတ်ကစပြီး ပြင်သစ်တနိုင်ငံလုံးကို လော့ဒေါင်းပြန်ချသွားမယ်လို့ သမ္မတ အီမန်နျူရယ်မာခွန်းက  အောက်တိုဘာ ၂၈ ရက်မှာ နိုင်ငံကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။  သမ္မတ မာခွန်း ကြေညာလိုက်တဲ့ စီမံချက်အသစ်ဟာ အောက်တိုဘာလ ၃၀ ရက်နေ့ စတင်အသက်ဝင်မှာဖြစ်ပြီး ပြည်သူတွေအနေနဲ့  မရှိမဖြစ် ပစ္စည်းတွေ  ဝယ်ယူဖို့၊ ဆေးခန်းပြဖို့နဲ့  နေ့စဉ် တစ်နာရီကြာ အလှည့်ကျ လေ့ကျင့်ခန်းလုပ်ဖို့က လွဲရင် နေအိမ်တွေမှာပဲ နေရမှာဖြစ်ပါတယ်။ ဝန်ထမ်းတွေ အိမ်ကနေ အလုပ်လုပ်ဖို့ မဖြစ်နိုင်ဘူးလို့ အလုပ်ရှင်တွေ ယူဆမှသာ  အလုပ်ကို သွားခွင့်ပြုမှာဖြစ်ပြိး ပြီးခဲ့တဲ့လော့ဒေါင်း ပြန်ဖွင့်ပြီးနောက်ပိုင်း ကျောင်းအများစုကို ဆက်ဖွင့်ထားမယ်လို့ မိန့်ခွန်းမှာ သမ္မတ မာခွန်းက ပြောခဲ့ပါတယ်။  စီမံချက်သစ်ဟာ နွေဦးပေါက်တုန်းက ချမှတ်ခဲ့တဲ့ သီတင်း ၈ ပတ်ကြာ လော့ဒေါင်းပဲ ဖြစ်ပါတယ်။  ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ ၅၂၃ ယောက်ရှိတယ်လို့  အောက်တိုဘာလ ၂၇ ရက်က သတင်းထုတ်ပြန်ခဲ့ပြီး  ဒါဟာ ဧပြီလနောက်ပိုင်း သေဆုံးသူ အများဆုံးဖြစ်ပါတယ်။  ပြင်သစ်မှာ ကိုဗစ်-၁၉ ကြောင့် စုစုပေါင်း သေဆုံးသူ သုံးသောင်းခွဲကျော်ရှိပြီး ကမ္ဘာမှာ သတ္တတမြောက် သေဆုံးသူ အများဆုံးဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ ဓာတ်ပုံ-Emmanuel Macron
3 months Ago
Up