မာလီနိုင်ငံမှာ ဒီဇင်ဘာ ၂၈ ရက်က လက်လုပ်မိုင်း ပေါက်ကွဲပြီး စစ်ဆင်ရေးလုပ်နေတဲ့ ပြင်သစ် စစ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ ပြင်သစ်သမ္မတ နန်းတော်က သတင်းထုတ်ပြန် ပါတယ်။
လက်လုပ်မိုင်းဟာ သူတို့ရဲ့ သံချပ်ကာယာဉ်အနီးပေါက်ကွဲခဲ့တယ်လို့ သမ္မတ နန်းတော်က သတင်းထုတ်ပြန်ပါတယ်။
မာလီအိုက်အက်စ် တိုက်ခိုက်ရေးသမားတွေအပေါ်ဆင်နွှဲတဲ့ ပြင်သစ်စစ်ဆင်ရေး တစိတ်တပိုင်းအဖြစ် သူတို့ကို မာလီတောင်ပိုင်း ဟွန်ဘိုရီအရပ်မှာ ဖြန့်ကျက်ထားတာပါ။
၂၀၁၃ က စတင်တဲ့ ဒေသစစ်သွေးကြွ စစ်ဆင်ရေးအတွင်း သေဆုံးတဲ့ ပြင်သစ် စစ်သားအရေအတွက်ဟာ ၄၇ ယောက်ထက် မနည်း ရှိတယ်လို့လည်း ဝေါစထရိဂျာနယ်က ဖော်ပြပါတယ်။
2 months Ago