ပြင်သစ်ကျောင်းဆရာ

November 11, 2020

ကိုဗစ်-၁၉ ကာကွယ်ရေး ပိုမိုလုပ်ဆောင်ရန် ပြင်သစ်ကျောင်းဆရာများ တောင်းဆို

ပြင်သစ်ကျောင်းဆရာတွေ မြို့တော်ပါရီမှာ နိုဝင်ဘာ ၁၀ ရက်က စုရုံးခဲ့ကြပြီး ကျောင်းတွေမှာ ကျင့်သုံးရမယ့် ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေး လုပ်ဆောင်ချက်တွေကို ပိုပြီး ချမှတ် အကောင်ထည်ဖော်ဖို့ ဆော်သြခဲ့ကြပါတယ်။ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေက ဆရာတွေဟာ ကူးစက်မှုကို ရှောင်ရှားဖို့ သူတို့ စာသင်ခန်းတွေက ကျောင်းသားဦးရေကို ထက်ဝက် လျှော့ချစေချင်နေတာပါ။ ဒီဇင်ဘာ ၁ ရက်နေ့ထိ လူတွေ အိမ်ထဲမှာပဲနေကြဖို့ ပြင်သစ် အစိုးရက အမိန့်ထုတ်ထားပါတယ်။ တနိုင်ငံလုံး အသွားအလာ ပိတ်ဆို့တားမြစ်ထားတာလည်း ဒုတိယပတ်ထဲ ရောက်လာပါပြီ။ ပြင်သစ်ဟာ နွေဦးရာသီတုန်းက ပထမဆုံး အသွားအလာ ကန့်သတ်ချက်နဲ့ မတူဘဲ ဒုတိယလှိုင်းအတွင်း ကျောင်းတွေကို ဆက်ဖွင့်ထားမှာပါ။ အသက် ၆ နှစ်အောက် ကလေးတွေက တချိန်လုံး ပါးစပ် နှာခေါင်းစည်းကို တချိန်လုံး ဝတ်ထားခဲ့ကြပါတယ်။
1 year Ago

October 17, 2020

တမန်တော်မိုဟာမက် ကာတွန်းပုံကို ပြသခဲ့သူ ပြင်သစ်ကျောင်းဆရာ အသတ်ခံရ

တမန်တော် မိုဟာမက်ကာတွန်းပုံကို ပြသခဲ့တဲ့ ပြင်သစ် ကျောင်းဆရာ တယောက်ဟာ အောက်တိုဘာ ၁၆ ရက်က လည်လှီးသတ်ဖြတ်ခံရပါတယ်။  သူဟာ  အတန်းထဲက ကျောင်းသားတွေကို  မိုဟာမက် ကာတွန်းပုံကို ပြခဲ့ပြီးနောက် ပဲရစ်မြို့ ဆင်ခြေဖုံး လမ်းတခုမှာ အသတ်ခံခဲ့ရတာပါ။  သတ်ဖြတ်ခဲ့သူကိုလည်း ပြင်သစ်ရဲတွေက သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ ဓားနဲ့တိုက်ခိုက်မှုဟာ ပဲရစ်မြို့အနောက်မြောက်ဘက် ကိုဖလော်ဆာတိုနီရင်အရပ်မှာ ဖြစ်ခဲ့ ပြီး တိုက်ခိုက်မှုကို စုံစမ်းနေတယ်လို့  အကြမ်းဖက်တိုက်ဖျက်ရေး အရာရှိက ဆိုပါတယ်။  ဒီတိုက်ခိုက်မှုကို အစ္စလာမ်မစ်အကြမ်းဖက်တိုက်ခိုက်မှုလို့  သမ္မတ မာခွန်းက ခေါ်ဆို လိုက်ပြီး ကျောင်းဆရာဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို သင်ပေးတာကြောင့် အသတ်ခံရ တာဖြစ်တယ်လို့ မာခွန်းက ပြောဆိုခဲ့ပါတယ်။ 
1 year Ago
Up