ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာချင်းဆက်လမ်း ဖွင့်ပြီး တနှစ်အကြာ ဆိုးဆိုးရွားရွား ပျက်စီး

May 17, 2018

ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာချင်းဆက်လမ်း ဖွင့်ပြီး တနှစ်အကြာ ဆိုးဆိုးရွားရွား ပျက်စီး

  မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကျေးရွာချင်းဆက် မြေနီကျောက်ချောလမ်းဟာ ဖွင့်ပြီး တနှစ်အကြာမှာ ဆိုးဆိုးရွားရွား လမ်းပျက်စီးလာတဲ့အတွက် ဒေသခံတွေ သွားလာရ ခက်ခဲနေပါတယ်။ ပွင့်ဖြုမြို့နယ်၊ ကံသာကြီးကျေးရွာနဲ့ ကျောင်းတော်ရာကျေးရွာကို ဆက်သွယ်ထားတဲ့ ကျေးရွာချင်းဆက် မြေနီကျောက်ချောလမ်းဟာ ခင်းပြီး တနှစ်အကြာမှာ အပေါ်က ခင်းထားတဲ့ ကျောက်တွေပျောက်ပြီး အောက်က ကျောက်အကြီးတွေက ပေါ်လာလို့  ဆိုင်ကယ်နဲ့ သွားလာသူတွေအတွက် အခက်အခဲ ဖြစ်နေပါတယ်လို့ မုန်တောကြီး ကျေးရွာသားတဦးက ပြောပါတယ်။ ဒီကိစ္စ ပွင့်ဖြူမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမှတ်-၂ တိုင်းဒေသကြီးကိုယ်စားလှယ်နဲ့ ကျေးလက်လမ်းဦးဌာနတို့ကို သွားရောက်တင်ပြထားတာ တလကျော် ကြာနေပြီ ဖြစ်ပေမယ့်လည်း အခုချိန်ထိ အကြောင်းမထူးသေးဘူးလို့လည်း ကံသာကြီးကျေးရွာ ရပ်မိရပ်ဖတဦးက ပြောပါတယ်။ ကံသာကြီး-ကျောင်းတော်ရာ ကျေးရွာချင်းဆက်လမ်းဟာ ငါးမိုင်ရှည်ပြီး အလယ်မှာ မုန်တောကြီးကျေးရွာကို ဖြတ်သွားရတာပါ။ အခုနှစ် ကျောင်းဖွင့်ရာသီ နီးလာပြီဖြစ်လာတာကြောင့် ကျောင်းသား ကျောင်းသူတွေ သွားလာရေး အဆင်ပြေစေဖို့ လမ်းကို အမြန်ပြန်လည်ပြုပြင်ပေးဖို့ ဒေသခံတွေက လိုလားနေပါတယ်။
3 years Ago
Up