ပွင့်ဖြူမြို့နယ်

June 11, 2018

ပွင့်ဖြူမြို့နယ်တွင် မိုးဆက်တိုက်ရွာပြီး လူနေအိမ်များနှင့် လယ်ကွင်းများ ရေနစ်မြုပ်

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်မှာ  မိုးဆက်တိုက် ရွာသွန်းနေတာကြောင့် ချောင်းဖြူချောင်း ရေကြီးပြီး သစ်ပုတီးကုန်းကျေးရွာထဲကို ရေတွေ ဝင်ရောက်နေပါတယ်။ အခုအခါမှာ ရွာထဲရှိ ရွာဦးဘုန်းတော်ကြီးကျောင်းနဲ့ အိမ်ခြေ ၄၀ လောက် ရေနစ်မြုပ်နေပြီး ရေတွေက  ၄ ပေလောက်အထိ ရှိနေသလို လယ်ဧက ၁၀၀ ကျော် ရေနစ်မြုပ် ပျက်စီးနေပါတယ်။ ရေကြီးနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပွင့်ဖြူမြို့နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌကိုယ်တိုင် သွားရောက်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို အကြောင်းကြားထားပေမယ့် သက်ဆိုင်ရာ တာဝန်ရှိသူတွေ အခုချိန်ထိ ရောက်မလာသေးဘူးလို့ ဆိုပါတယ်။ မိုးက မနေ့ကတည်းက အဆက်မပြတ်ရွာနေတာ အခုချိန်ထိရွာနေဆဲ ဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ -သူရသက်တင်
3 years Ago

May 11, 2018

ပွင့်ဖြူမြို့နယ်၌ လေပြင်းတိုက်​ခတ်​မှု​ကြောင့် အိမ်ခြေ ၅၀ ကျော်ပျက်စီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ မင်းတဲ​ကျေးရွာမှာ မနေ့ညနေ ၆ နာရီခွဲလောက်က မိုးသက်လေပြင်းတိုက်ခတ်ပြီး အိမ်ခြေ ၅၀ ကျော် ပျက်စီးသွားပါတယ်။ အုတ်​ဖို၊ သနပ်​ဝ၊ ကျစ်​ကိုင်း ​စတဲ့ အနီးနားက ကျေးရွာတွေမှာလည်း တချိန်တည်း လေပြင်းတိုက်ခတ်လို့ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ မင်းတဲရွာသား ကိုနိုင်​မင်းစိုးက ပြောပါတယ်​။ ဧပြီ ၁၉ ရက်တုန်းကလည်း ပွင့်ဖြူမြို့နယ်​က ကျေးရွာပေါင်း ၁၇ ရွာမှာ လေပြင်းတိုက်ခတ်လို့ လူနေအိမ် ၅၄ လုံး ပျက်​စီးခဲ့ဖူးတယ်လို့ ပွင့်ဖြူမြို့နယ်​ အ​ထွေ​ထွေအုပ်​ချုပ်​​ရေးမှူးရုံးက သိရ​ပါတယ်။ သတင်း - ကိုလင်း(​ချောက်​)
3 years Ago
Up