ပွင့်ဖြူ

October 21, 2018

ပွင့်ဖြူ သီးနှံနစ်နာကြေးပေးအပ်မှုတွင် အလွဲသုံးစားမှုများရှိဟုဆို

မ​ကွေးတိုင်း ပွင့်ဖြူမြို့နယ်​မှာ ၂၀၁၇ ခုနှစ်​က ​သီးနှံပျက်​စီးဆုံးရှုံးမှုအတွက်​ နိုင်​ငံ​တော်​ သမ္မတ အ​ရေး​ပေါ် ရန်​ပုံ​ငွေက​နေ နစ်​နာ​ကြေး​ပေးခဲ့တာမှာ မမှန်မကန် အလွဲသုံးစားလုပ်မှုတွေ ရှိခဲ့တယ်ဆိုပြီး တင်ပြမှုတွေကြောင့် တာဝန်ရှိသူတွေက စစ်ဆေးနေပါတယ်။ ပွင့်ဖြူမြို့နယ်​ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ပါတီ ဥက္ကဋ္ဌ ဦး​ကျော်​မင်းနိုင်​က “သီးနှံစိုက်​ဧက ၂၀၇၂၈ ပျက်​စီးဆုံးရှုံးခဲ့တဲ့ ​တောင်​သူ​တွေကို​ပေးတဲ့ ​ငွေက ကျပ်​သိန်း ၉၀၀၀ ရှိတယ်​လို့ သိရတယ်​။ ကျေးရွာအုပ်​စု ၁၀ ​ခု​လောက်​ စာရင်းမှား​နေတာ​တွေ့ရတယ်​။ မရိုးမသားနဲ့ ​အောက်​​ခြေမှာ ခြစား​နေတဲ့ အပြုအမူကို ​တွေ့ရပါတယ်​။ ပါတီက​နေ ဌာနဆိုင်​ရာကို ဝင်​​ရောက်​စွက်​ဖက်​တာ မဟုတ်​ဘဲ ​ဒေသခံ​တောင်​သူ​တွေရဲ့ နစ်​နာမှုကို ကြားခံအ​နေနဲ့ တင်​ပြ​ပေးခဲ့တာပါ။ လိမ်​လည်​ ထုတ်​ယူပြီး အလွဲသုံးစားလုပ်​ထားတဲ့ အချက်​​တွေ ​တောင်​သူ​တွေရဲ့ မှတ်​တမ်းအရ​ တွေ့ရှိရပါတယ်​။ အဂတိ တိုက်​ဖျက်​​ရေး ကော်​မရှင်​ကို တင်​ပြသွားဖို့ ဆုံးဖြတ်​ချက်​ချထားပါတယ်​” လို့ ဒီဗွီဘီကို ​ပြောပါတယ်​။ ​ဒေသခံ​တောင်​သူ ကိုရန်​နိုင်​လင်းက “၂၀၁၇ ​ရေနစ်​မြုပ်​မှုမှာ ၃ ဧက​ကျော်​ နစ်​မြုပ်​ခဲ့ပါတယ်​။ အပြည့်အဝမရရှိလို့ မြို့နယ်​​မြေစာရင်းဌာနကို ဝင်​​ပြော​တော့ ​ပေးတဲ့​ငွေနဲ့ပဲ ​ကျေနပ်​ဖို့​ပြောတယ်​။ နိုင်​ငံ​တော်​မှ ​တောင်​သူ​တွေနစ်​နာလို့ ​ထောက်​ပံ့တဲ့​ငွေကို အမှန်​အကန်​ပဲ လိုချင်​တယ်​” လို့​ ပြောပါတယ်​။ တောင်သူ ဦးတင်အောင်သန်းက “စာရင်းထဲမှာ မိမိပိုင်​တဲ့ ပုံစံ(၇)​တွေပါပြီး​တော့ တခြား အမည်​နဲ့ ထုတ်​ယူသွားတာပါ။ အမည်​ချင်း တူတာထက်​ ပုံစံ(၇)၊ အ​ဖေ အမည်​ တိုက်​ဆိုင်​စစ်​​ဆေးခြင်းမပြုဘဲ ထုတ်​​ပေးတာဟာ အဂတိလိုက်​စားတယ်​ဆိုတာ ​ပေါ်လွင်​​နေတာပါ။ နှစ်​စဉ်​နဲ့အမျှ ရရှိတာ​တွေကို ဘာမှမသိရဘဲ ​တောင်​သူ​တွေ ခံစား​နေရမှာ စိုးလို့ အမှန်​တရား​ပေါ်​ပေါက်​ဖို့ သက်​ဆိုင်​ရလူကြီး​တွေကို ​တောင်းဆိုခဲ့တာပါ” လို့ ဆိုပါတယ်​။ အဆိုပါ ဖြစ်​စဉ်​နဲ့ ပတ်​သက်​လို့ ​အောက်​တိုဘာ ၁၉ ရက်​​နေ့ကစပြီး မ​ကွေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ တိုင်​​ဒေသကြီး လယ်​ယာစိုက်​ပျိုး​ရေးနဲ့ ဆည်​​မြောင်းဝန်​ကြီး ဦးဝင်း​မော်​​ဌေး ဦး​ဆောင်​တဲ့ စစ်​​ဆေး​ရေးအဖွဲ့က ပွင့်ဖြူမြို့နယ်​ အ​ထွေ​ထွေ အုပ်​ချုပ်​​ရေးဦးစီးဌာနမှာ စစ်​​ဆေးမှု​တွေ ပြုလုပ်​​နေတယ်​လို့ သိရပါတယ်​။ မင်းဘူးခရိုင်​အုပ်​ချုပ်​​ရေးမှူး ဦးဆန်း​ဌေးက "​လော​လောဆယ်​ စစ်​​ဆေး​နေဆဲ ဖြစ်​ပြီး စစ်​​ဆေး​တွေ့ရှိချက်​​တွေကို မ​ကွေးတိုင်း​ဒေသကြီး အစိုးရအဖွဲ့ကို တင်​ပြသွားမှာပါ။ လတ်​တ​လော ​ဖြေလို့ မရ​သေးဘူး" လို့ ​ပြောပါတယ်​။ သတင်း-မင်းထီး
3 years Ago

July 31, 2015

မင်းဘူး ခရိုင် ရေကြီးရေလျှံ၊ ဒေသခံနှင့်တိရစ္ဆာန်များ ပြောင်းရွှေ့မှု မြင်ကွင်း (ဓာတ်ပုံ)

မင်းဘူးခရိုင် ပွင့်ဖြူ နဲ့ စေတုတ္တရာမှာ ရေကြီးရေလျှံမှုကြောင့် ဒေသခံတွေနဲ့ တိရစ္ဆာန်တွေ ရွာလုံးကျွတ်ပြောင်းရွှေ့နေရပါတယ်။
ဓာတ်ပုံ - တင်ရွှေ (မင်းဘူး)
6 years Ago
Up