ပျံ့လွင့်

A d v e r t i s e m e n t With Us

April 11, 2020

ကိုရိုနာပိုးရှိသူ၏ နှာချေအမှုန်များ ပျံ့လွင့်သည့်အတိုင်းအတာ သိပ္ပံပညာရှင်များ ဖော်ထုတ်

စူပါမားကတ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ပိုးရှိသူတစ်ယောက် နှာချေလိုက်လို့ ထွက်လာတဲ့ အမှုန်အတွေဟာ လျှောက်လမ်း နှစ်ခုကျော်အထိ ပျံ့နှံ့နိုင်ပြီး အနီးရှိ ဈေးဝယ်သူတွေကို ကူးစက်နိုင်တဲ့  3D model တခုကို ဖင်လန်သိပ္ပံပညာရှင်တွေက ထုတ်ဖော်ပြသလိုက်ပါတယ်။  လေ့လာချက်ရဲ့ ကနဦးရလဒ်တွေအရ  ဗိုင်းရပ်စ်သယ်ဆောင်တဲ့ အမှုန်တွေဟာ  နဂိုထင်ထား တာထက် ပိုကြာမြင့်ပြီး ၆ မိနစ်အထိ လေထဲမှာ  ဆက်ရှိနိုင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ သုတေသီအဖွဲ့ ရလဒ်အရ  အဲဒီအမှုန်တွေဟာ ချောင်းဆိုးသူရဲ့ အနီးဝန်းကျင်ကို ကျော်လွန်ပျံ့နှံ့နိုင်ပြီး  အဲဒီလို ပျံ့နှံ့ဖို့ရာ မိနစ်ပေါင်းများစွာ ကြာမြင့်ပါတယ်။  ဒါကြောင့်  အမှုန်အမွှားကူးစက်မှု အန္တရာယ်ကို လျှော့ချဖို့ လူစည်ကားတဲ့ မိုးလုံလေလုံ နေရာ တွေကို မသွားဖို့ သိပ္ပံပညာရှင်တွေက လူတွေကို တိုက်တွန်းထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 
11 months Ago
Up