ပျံသန်းသည့်

January 29, 2020

တရုတ်နိုင်ငံမှ အမေရိကန်သို့ ပျံသန်းသည့် လေကြောင်းခရီးစဉ်များ ဆိုင်းငံ့မထားရန် အိမ်ဖြူတော် ဆုံးဖြတ်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေချိန်မှာ တရုတ်ကနေ အမေရိကန်ကို ပျံသန်းတဲ့ လေကြောင်းခရီးစဉ်တွေကို မဆိုင်းငံ့ဖို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ဇန်နဝါရီ ၂၈ ရက်မှာ ဆုံးဖြတ်လိုက်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ အမေရိကန် လေကြောင်းလိုင်းတွေနဲ့ အစည်းအဝေးအပြီးမှာ အစိုးရက လေကြောင်းကုမ္ပဏီတွေကို ပြောခဲ့တာလို့ လေကြောင်းလိုင်းနဲ့ အစိုးရ အရာရှိတွေက ပြောပါတယ်။ အမေရိကန် အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး နေ့စဉ် အစည်းအဝေး ကျင်းပရင်း နည်းလမ်းအလားအလာတွေကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစား ဆွေးနွေးနေတာပါ။ တရုတ်ကနေ အမေရိကန်ဆီလာတဲ့ စီးပွားရေးဆိုင်ရာ လေကြောင်းခရီးစဉ်တွေကို ချက်ချင်း ရပ်ဖို့ ရီပတ်ဗလစ်ကင်ပါတီက အထက်လွှတ်တော်အမတ် တွန်မ်ကော့တွန်က အစိုးရကို ဇန်နဝါရီ ၂၇ ရက်က တိုက်တွန်းပါတယ်။ ဒါပေမဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်တွေက တွန်းအားပေးခဲ့ရင် လေကြောင်းခရီးစဉ်တွေကို ယာယီတားမြစ်မလား ဆိုတာကိုတော့ အမေရိကန် အစိုးရက မဆုံးဖြတ်သေးပါဘူး။  ဒါပေမဲ့ ခရီးသွား ကန့်သတ်ချက် ဖြစ်နိုင်ချေ အပါအဝင် ဘာမှ မဖြစ်နိုင်စရာ မရှိဘူးလို့ အမေရိကန် ကျန်းမာရေးဝန်ကြီး အဲလက်စ်အေဇာက ဇန်နဝါရီ ၂၈ ရက်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ အမေရိကန် ကူးစက်ရောဂါ အထူးကုပညာရှင်အဖွဲ့တဖွဲ့ကို ပြည်သူ့ကျန်းမာရေး လုပ်ဆောင်ချက်တွေမှာ ကူညီဖို့ တရုတ်နိုင်ငံကို စေလွှတ်ရေး တရုတ်အစိုးရဆီ ကမ်းလှမ်းထားတယ်။ ပိုပြီး ပွင့်လင်းမြင်သာဖို့ကိုလည်း တိုက်တွန်းထားတယ်လို့ သူက ဆက်ပြောပါတယ်။ နိုင်ငံတကာပညာရှင်တွေကို တတ်နိုင်သမျှ အမြန်ဆုံး စေလွှတ်နိုင်တယ်လို့ တရုတ်အစိုးရက သဘောတူလိုက်ပြီ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း ပြောထားပါတယ်။
1 year Ago
Up