ပျံသန်းမှု

April 2, 2020

ကိုရိုနာကူးစက်နှုန်းမြင့်သည့် နေရာများသို့ လေကြောင်းခရီးစဉ်ရပ်ရန် စဉ်းစားနေဟု သမ္မတ ထရမ့်ပြော

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်နေတဲ့ နေရာတွေဆီ လေကြောင်းခရီးစဉ် ပျံသန်းမှုကို ရပ်ဖို့ စဉ်းစားနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၁ ရက်မှာ ပြောပါတယ်။ အမေရိကန်နိုင်ငံထဲမှာ ကိုရိုနာဗိုင်းရပ်စ် ပြင်းပြင်းထန်ထန် ကူးစက်ခံထားရတဲ့ နယူးယောက်၊ နယူးအော်လင်းစ်နဲ့ ဒက်ထရွိုက်မြို့တွေက လေဆိပ်တွေကို ပိတ်ကောင်း ပိတ်နိုင်တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။ ကူးစက်ကပ်ဘေးအတွင်း ပြည်တွင်းလေကြောင်း ခရီးစဉ်တွေမှာ ဝယ်လိုအားကျသွားလို့ ခရီးစဉ်တွေ အကြီးအကျယ် လျော့နည်းခဲ့ပါတယ်။ အမေရိကန်နိုင်ငံတွင်းမှာ ဧပြီလအတွင်း အိမ်တွင်းအောင်းဖို့ လမ်းညွှန်ချက်တွေကို တင်းတင်းကြပ်ကြပ် မလိုက်နာခဲ့ရင် လာမယ့် သီတင်းပတ်တွေအတွင်း ဗိုင်းရပ်စ် ကူးစက်ခံ သေဆုံးသူ ဦးရေ ၁ သိန်းကနေ ၂၄၀၀၀၀ ကြားထိ ရှိလိမ့်မယ်လို့ ထရမ့်နဲ့ သူ့ရဲ့ အကြံပေး ဆေးပညာရှင်တွေက မတ် ၃၁ ရက်နေ့က ပြောခဲ့ကြပါတယ်။
2 years Ago
Up