ပျံသန်း

A d v e r t i s e m e n t With Us

June 18, 2020

အမေရိကန်နယ်စပ်အနီး ရုရှားဗုံးကြဲလေယာဉ် ၄ စီး ၁၁ နာရီကြာ ပျံသန်း

ရုရှားရဲ့ နျူလက်နက်တပ်ဆင်နိုင်စွမ်းရှိတဲ့ တူပိုလဗ် Tu-95MS ဗျူဟာမြောက် ဗုံးကြဲလေယာဉ် ၄ စီးဟာ အမေရိကန်နယ်စပ်နားမှာ ၁၁ နာရီကြာအောင်ပျံသန်းခဲ့တယ်လို့ ရုရှားအခြေစိုက် RIA သတင်းဌာနက ဖော်ပြပါတယ်။ အဲဒီလေယာဉ်တွေဟာ ဘေရင်ပင်လယ်၊ အောက်ခ်ဟော့ခ်စ်ပင်လယ်နဲ့ ပစိဖိတ်သမုဒ္ဒရာ မြောက်ပိုင်းတို့ကို ဖြတ်ပြီး ပိုင်နက်ကင်းလွတ် ရေပြင်ပေါ်မှာ ၁၁ နာရီကြာ ပျံသန်းခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး ဇွန် ၁၇ ရက်မှာ အဲဒီသတင်းဌာနက ကြေညာခဲ့တာပါ။  အမေရိကန်နယ်စပ်နားကို ကြိုတင်စီစဉ် ပျံသန်းလာတဲ့ ရုရှားရဲ့ ဗုံးကြဲလေယာဉ် ၄ စီးကို ကင်းထောက်ဟန့်တားဖို့ အမေရိကန်တိုက်လေယာဉ်တွေ ပျံတက်ခဲ့ကြတယ်လို့လည်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
9 months Ago

May 29, 2020

ကမ္ဘာ့အကြီးဆုံး လျှပ်စစ်လေယာဉ် ပထမဆုံး ပျံသန်း

ကမ္ဘာ့အကြီးဆုံး အလုံးစုံလျှပ်စစ်စွမ်းအင်သုံး လေယာဉ်ဟာ မေ ၂၈  ရက်က    အမေရိကန်နိုင်ငံ အနောက်မြောက်ပိုင်း ဝါရှင်တန်ပြည်နယ်မှာ ပထမဆုံး ခရီးစဉ်ကို စတင်ခဲ့ပါတယ်။   လူ ၉ ယောက်စီးလာတဲ့ Cessna Caravan 208B လေယာဉ်ဟာ ခန့်မှန်းချိန် မိနစ် ၃၀ ကြာ  ပျံသန်းခဲ့ပြီးနောက် ဆီယက်တယ်မြို့ အရှေ့တောင်ပိုင်း မိုင် ၁၈၀ အကွာ  လေဆိပ်တခုမှာ ဘေးကင်းကင်း နဲ့ ဆင်းသက်ခဲ့ပါတယ်။   မြင်းကောင်ရေ ၇၅၀ စွမ်းအားရှိ  magni500  ဂျက်အင်ဂျင်သုံး မောင်းနှင်တာနဲ့အတူ  လာမယ့် ၂၀၂၁ မှာ  ခရီးသည်ပို့ဆောင်ရေးမှာ လျှပ်စစ်စွမ်းအင်သုံး  Cessna Caravan  လေယာဉ်တွေကို  အသုံးပြုဖို့   magniX  ကုမ္ပဏီက မျှော်လင့်ထားပါတယ်။  ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းကလည်း   magniX   ဟာ   ဗန်ကူးဗား အခြေစိုက်    Harbour Air လေကြောင်းလိုင်းနဲ့ ပူပေါင်ပီုး အလုံးစုံ လျှပ်စစ်စွမ်းအင်သုံးရေယာဉ်ပျံကို  ပထမဆုံး အကြိမ် စမ်းသပ်မောင်းနှင်ခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။  
9 months Ago
Up