‘ပျံကျကူလီ’

A d v e r t i s e m e n t With Us

January 9, 2020

ခန့်စည်သူ၊ ထွန်းကိုကို၊ ရွှေမှုံရတီတို့ ပါဝင်သည့် ‘ပျံကျကူလီ’ရုပ်ရှင်ရုံတင်မည်(နမူနာ)

အခြေခံလူတန်းစားတွေရဲ့ ဘဝတွေကို သဘာဝကျကျ ရိုက်ကူးပုံဖော်ထားတဲ့ မြန်မာရုပ်ရှင်-‘ပျံကျကူလီ’ကို လာမယ့် ဇန်နဝါရီ ၁၆ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ ပါဝါကင်းရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဈာန်သခင်သွေးရဲ့ ဇာတ်လမ်းကို နေစိုးသော်က ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ ပျံကျကူလီဆိုတဲ့အတိုင်း အောက်ခြေပျံကျ အလုပ်သမားတွေရဲ့ ဘဝတွေကို သဘာဝကျကျ ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပါတယ်။ သီရိမင်္ဂလာဈေးထဲမှာ ကျင်လည်ကျက်စားကြတဲ့ သူတို့တွေရဲ့ မဟုတ်မခံစိတ်နဲ့ အမိုက်စား အကြမ်းစား သရုပ်ဆောင်မှုတွေနဲ့ ဘယ်လိုပုံဖော်ထားမလဲဆိုတာကိုတော့ မကြာခင် ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ နာမည်ကြီးသရုပ်ဆောင်မင်းသား ခန့်စည်သူ၊ ကောင်းပြည့်၊ ထွန်းကိုကို၊ ခင်လှိုင်၊ ရွှေမှုံရတီ၊ ရတနာဗိုတို့နဲ့အတူ တခြားသရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းခွဲကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
1 year Ago
Up