ပျော်ရွှင်နေ

December 24, 2020

ဘာစီလိုနာတွင် မက်ဆီ ပျော်ရွှင်နေဟု နည်းပြ ပြော

တိုက်စစ်မှူး မက်ဆီ ဘာစီလိုနာအသင်းမှာ ပျော်ရွှင်နေပြီလို့ နည်းပြ ရော်နယ်ကိုးမန်းက ပြောပါတယ်။  ဗယ်လာဒိုးလစ်အသင်းကို ၃ ဂိုး ဂိုး မရှိနဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ ရော်နယ်ကိုးမန်က မက်ဆီ နဲ့ ပတ်သက်ပြီး မှတ်ချက်စကားပြောခဲ့တာပါ။  မက်ဆီဟာ အဲဒီပွဲစဉ်မှာ ၁ ဂိုး သွင်းယူနိုင်ခဲ့လို့ ဘရာဇီးဂန္ထဝင်ကစားသမားကြီး ပီလီရဲ့ ကလပ်တစ်သင်းအတွက် ဂိုးအများဆုံး စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။  ပီလီက ဘရာဇီးကလပ် ဆန်းတို့စ်အသင်းအတွက် ၆၄၃ ဂိုးသွင်းခဲ့တာဖြစ်ပြီး မက်ဆီက ၆၄၄ ဂိုးသွင်းပြီး ကျော်ဖြတ်နိုင်ခဲ့တာပါတယ်။  နည်းပြ ရော်နယ်ကိုးမန်းကတော့ မက်ဆီဟာ အသင်းမှာ ပျော်ရွှင်နေတယ်ဆိုတာကို အကြိမ်ပေါင်းများစွာ ပြောပြခဲ့ဖူးတယ်လို့ ဆိုပါတယ်။  ဒါ့အပြင် အသင်းလေ့ကျင့်ရေးကွင်းမှာ ပြင်းထန်တဲ့ လေ့ကျင်ခန်းတွေ ပြုလုပ်လေ့ရှိပြီး အသင်းတိုင်းက မက်ဆီလို ကစာသမားကို လိုချင်ကြမယ်လို့ ကိုးမန်းက သုံးသပ်ခဲ့ပါတယ်။
10 months Ago
Up