ပျောက်ဆုံးဗြိတိန်အမျိုးသမီး

November 1, 2019

အိုက်အက်စ်ခေါင်းဆောင် သေဆုံးမှု လက်တုံ့ပြန်မည်ဟု အိုင်အက်စ်အဖွဲ့ကြေညာ

အိုင်အက်စ်ခေါင်းဆောင် အယ်ဘက်ဂ်ဒါဒီ  သေဆုံးသွားမှုအတွက် အမေရိကန်ကို လက်တုံ့ပြန်သွားမယ်လို့ အိုင်အက်စ်အဖွဲ့က အောက်တိုဘာ ၃၁ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။   ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ အောက်တိုဘာ ၂၆ ရက်ညက အမေရိကန်တပ်ဖွဲ့စီးနင်းမှုမှာ အိုင်အက်စ်ခေါင်းဆောင် သေဆုံးခဲ့တာပါ။   ၂၀၁၄ ကနေ ၂၀၁၇ အတွင်း အီရတ်နဲ့ ဆီးရီးယားက နယ်မြေအများအပြားကို  ထိန်းချုပ်ခဲ့တဲ့ အိုင်အက်စ်အဖွဲ့ဟာ မကြာသေးခင်က ဘက်ဂ်ဒါဒီရဲ့ အခြေအနေနဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေခဲ့ပါတယ်။  အိုင်အက်စ်အဖွဲ့က ထုတ်လွှင့်တဲ့ အသံဖိုင်မှာ  ခေါင်းဆောင် ဘက်ဂ်ဒါဒီ သေဆုံးတာကို အတည်ပြုခဲ့ပြီး ကွာရက်ရှီကို ခေါင်းဆောင်သစ်အဖြစ် ခန့်အပ်တယ်လို့ ကြေညာခဲ့ပါတယ်။ အိုင်အက်စ်ခေါင်းဆောင် သေဆုံးတာက  အိုင်အက်စ် အဖွဲ့ လုပ်ဆောင်ချက်တွေအပေါ် သက်ရောက်မလားဆိုတာ ဆွေးနွေးငြင်းခုံစရာ ဖြစ်နေပါတယ်။   အိုင်အက်စ်ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်သွားပေမယ့် အိုင်အက်စ်အဖွဲ့ ရဲ့ အယူဝါဒနဲ့ဝါဒစွဲ မုန်းတီးမှုကတော့ လူအတော်များများကို ဆက်ပြီး သိမ်းသွင်းနိုင်ဆဲပဲလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
2 years Ago
Up