ပျောက်ဆုံး

January 10, 2021

လူ ၆၀ ကျော် လိုက်ပါလာသည့် အင်ဒိုနီးရှားခရီးသည်တင်လေယာဉ် ပျောက်ဆုံး

ခန့်မှန်း လူ ၆၂ ယောက် လိုက်ပါသွားတဲ့ အင်ဒိုနီးရှားခရီးသည်တင် လေယာဉ်တစ်စင်းဟာ ဇန်နဝါရီ ၉ ရက်က  ဂျာကာတာလေဆိပ်ကနေ ပျံတက်ပြီး မကြာခင်  ပျောက်ဆုံးသွားခဲ့ပါတယ်။  ဆရီဝီဂျာယာ လေကြောင်းလိုင်းပိုင် ဘိုရင်း ၇၃၇ လေယာဉ်ဟာ အနောက်ကာလီမန်တန်ပြည်နယ် ပွန်တီယာနာမြို့ကို ပျံသန်းတာလို့  အာဏာပိုင်တွေက ပြောဆိုပါတယ်။  Flightradar24.com ဝက်ဘ်ဆိုက် လေကြောင်းလိုင်းခြေရာခံစနစ်အရ လေယာဉ်ဟာ ၁ မိနစ်အတွင်း အမြင့်ပေ တစ်သောင်းကနေ ကွယ်ပျောက်သွားလို့ ဆိုပါတယ်။  မျက်မြင်တွေကတော့ သူတို့ဟာ ပေါက်ကွဲမှု တစ်ခုထက်မနည်း မြင်ကြားခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။  တံငါသည်တစ်ဦးကလည်း လေယာဉ်ပျက်ကျတာကို ကိုယ်တွေ့မြင်ခဲ့ပြိး သူရဲ့ လှေဦးစီးက ကမ်းကို ပြန်သွားခဲ့တယ်လို့ ပြောပါတယ်။  "လေယာဉ်ဟာ လျှပ်စီးလက်သလို ပင်လယ်ထဲ ထိုးဆင်းပြီး ရေထဲမှာ ပေါက်ကွဲခဲ့တယ်"လို့ ပြောပါတယ်။  လေယာဉ် ပျောက်ဆုံးခဲ့တဲ့ အနီးအနားက ကျွန်းပေါ်မှာ နေထိုင်ကြသူတွေကလည်း ပျက်ကျလေယာဉ်က ယူဆရတဲ့ အရာဝတ္တုတွေကို တွေ့ခဲ့ရတယ်လို့ ပြောကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago

October 4, 2020

ပြင်သစ်တောင်ပိုင်း မုန်တိုင်းဝင်၊ ရေဘေးကြောင့် လူ ၈ ဦးထက်မနည်း ပျောက်ဆုံး

ပြင်သစ်နိုင်ငံတောင်ပိုင်းကို မုန်တိုင်းတရပ် ဝင်ရောက် တိုက်ခတ်အပြီး စံချိန်တင်မိုးရွာခဲ့တာကြောင့် လမ်းတွေနဲ့ အိမ်တွေ ပျက်စီးခဲ့ပြီး လူ ၈ ယောက်ထက်မနည်း ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက အောက်တိုဘာ ၃ ရက်မှာ ပြောပါတယ်။  အဲလက်စ်လို့ နာမည်ပေးထားတဲ့ မုန်တိုင်းဟာ နီးစ်မြို့ပတ်လည်က ရွာအတော်များများကို တိုက်ခတ်ခဲ့တာဖြစ်ပြီး ရာစုနှစ် တခုကျော်အတွင်း အဆိုးဆုံးရေဘေးလို့ နီးစ်မြို့တော်ဝန်က ပြောပါတယ်။ ပြင်သစ်ဝန်ကြီးချုပ်ကလည်း ရေဘေးသင့်ဒေသတွေဆီ သွားရောက် စစ်ဆေးပြီး လူ ၈ ယောက် ပျောက်နေတယ်လို့ အတည်ပြု ပြောဆိုပါတယ်။ မီးသတ်သမား ၂ ဦး စီးလာတဲ့ကားဟာ မြစ်ရေလျှံနေတဲ့ ရေစီးကြောင်းနဲ့အတူပါသွား တယ်လို့ ဒေသခံ မျက်မြင်သက်သေတွေကို ကိုးကားပြီး ပြင်သစ်မီဒီယာ အတော်များများက ဖော်ပြပါတယ်။  တောင်ထူတဲ့ဒေသအတွင်း မတ်စောက်တဲ့ တောင်ကြားမှာရှိတဲ့ ရွာအတော်များများ လမ်းပန်းဆက်သွယ်ရေး လုံးဝပြတ်တောက်ခဲ့ပါတယ်။  စိန့်မာတင်ဒေသမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၁၉ ဒသမ ၆၉ လက်မထိ ရွာခဲ့ပြီး ခါတိုင်းနှစ်ရဲ့ ၃ လစာ မိုးရေချိန်ကို တရက်တည်း ရွာခဲ့တာလို့ ပြင်သစ်မိုးလေဝသဌာန Meteo France က ပြောပါတယ်။ 
1 year Ago
More News
Up