ပျောက်ဆုံ

October 18, 2020

ဗီယက်နမ်မြေပြိုမှု စစ်တပ်အရာရှိ  ၂၂ ဦးထက်မနည်း ပျောက်ဆုံးနေ

ဗီယက်နမ်အလယ်ပိုင်း ကွမ်ထရီပြည်နယ်မှာ အောက်တိုဘာ ၁၈ ရက် မနက်အစောပိုင်းက မြေပြိုလို့ စစ်တပ်က အရာရှိ ၂၂ ယောက် ထက်မနည်း ပျောက်နေတယ်လို့ အစိုးရက ပြောပါတယ်။  ပျောက်ဆုံးစစ်သည်တွေထဲက အလောင်း ၃ လောင်းကို ပြန်ရှာတွေ့ ထားတယ်လို့ အစိုးရက နောက်ပိုင်းမှာ ပြောပါတယ်။  ဒါဟာ ငြိမ်းချမ်းနေတဲ့ကာလအတွင်း စစ်သည် အသေအပျောက် အများဆုံးဖြစ်ရပ်ပါ။  အောက်တိုဘာအစောပိုင်းတည်းက မိုးကြီးနေလို့ ဗီယက်နမ် အလယ်ပိုင်းမှာ ရေကြီးပြီး ရွှံ့မြေတွေ ပြိုကျခဲ့တဲ့အတွက် လူ  ၇၀ ကျော် သေဆုံးခဲ့ပြီးပါပြီ။  လာမယ့် ရက်နည်းနည်းအတွင်း မိုးသည်းထန်တာ ပိုဖြစ်မယ်လို့ မျှော်လင့်ထားပါတယ်။  အမှတ် ၄ စစ်ဒေသနယ်မြေက တပ်စိတ်တစိတ်ရဲ့ တန်းလျား မြေပြိုတဲ့အထဲပါ သွားတယ် လို့ အစိုးရက ကြေညာချက် ထုတ်ပြန်ပါတယ်။  အနားက သွာသီအန်ဟွေ ခရိုင်မှာလည်း မြေပြိုလို့ စစ်သားအများစုပါတဲ့ လူ ၁၃ ယောက် သေဆုံးခဲ့ပါတယ်။  ကွမ်ထရီပြည်နယ်ထဲက မြစ်တွေမှာ နှစ် ၃၀အတွင်း အမြင့်ဆုံး မြစ်ရေ တက်ခဲ့တယ်လို့ အစိုးရမီဒီယာက ကြေညာပါတယ်။  ဗီယက်နမ်အလယ်ပိုင်းမှာ အောက်တိုဘာ ၂၁ ရက်မှာ မိုးရေချိန် ၆၀ စင်တီမီတာထိ ဆက်ပြီး ရွာမယ့်ပုံ ပေါ်တယ်လို့ မိုးလေဝသဌာနက အောက်တိုဘာ ၁၈ ရက်မှာ ဟောကိန်းထုတ်ခဲ့ ပါတယ်။
1 year Ago

April 30, 2020

ကနေဒါစစ်ရဟတ်ယာဉ် ဂရိကမ်းလွန်တွင် ပျောက်ဆုံးနေ

နေတိုးစစ်ရေးလေ့ကျင့်ခန်းတွေမှာပါဝင်နေတဲ့ ကနေဒါရဟတ်ယာဉ်တစ်စင်းဟာ ဂရိကမ်း လွန်မှာ ပျောက်ဆုံးသွားပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေတယ်လို့ ကနေဒါစစ်တပ်က ဧပြီလ  ၂၉ ရက်မှာ ပြောပါတယ်။  HMCS  ဖရီဒီရစ်တွန် သင်္ဘောပေါ်မှာဖြန့်ကြက်ခဲ့တဲ့ CH-148 ဆိုင်ကလုန်း ရဟတ်ယာဉ်ဟာ  သင်္ဘောနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တယ်လို့ ကနေဒါစစ်တပ်ကသတင်း ထုတ်ပြန်ခဲ့ပြီး အသေးစိတ်ကိုတော့ မပြောကြားခဲ့ပါဘူး။ ကနေဒါရဟတ်ယာဉ်ဟာ ဂရိပိုင် စီဖာလွန်ညာကျွန်းကနေ မိုင် ၅၀ အကွာ ဂရိထိန်းချုပ်ဇုန် ပြင်ပကို ရောက်ခဲ့တယ်လို့ အီတလီသတင်းစာက ဖော်ပြပါတယ်။  ဒါ့အပြင် ရဟတ်ယာဉ်ပေါ်လိုက်ပါသွားတဲ့ လူ ၆ ယောက်လည်း ပျောက်ဆုံးနေတယ်လို့ အီတလီသတင်းစာကို ကိုးကားပြီး ရိုက်တာ သတင်းက ရေးပါတယ်။ 
2 years Ago
Up