ပျောက်ကွယ်မည်ကို

November 2, 2019

မွန်ရိုးရာတူရိယာနှင့်အကများ ပျောက်ကွယ်မည်ကို ယဉ်ကျေးမှုကော်မတီ စိုးရိမ်

မျက်မှောက်ကာလ ပညာရှင်တွေ မရှိတော့တဲ့အပြင် လက်ဆင့်ကမ်းမယ့် မျိုးဆက်သစ်လူငယ်တွေ စိတ်မဝင်စားတော့တာကြောင့် ရှေးဟောင်းမွန်ရိုးရာယဉ်ကျေးမှုတူရိယာနဲ့ ရိုးရာအက အမွေအနှစ်များ ပျောက်ကွယ်မှာကို စိုးရိမ်နေရတယ်လို့ ရေးမြို့နယ်မွန်စာပေနှင့်ယဉ်ကျေးမှု ကော်မတီက ပြောပါတယ်။  
အနောက်တိုင်းယဉ်ကျေးမှုတွေ လွမ်းမိုးလာတဲ့အပြင် ပညာရှင်တွေကနေ ဆက်လက်သင်ကြားပေးမယ့် အမွေအနှစ်တွေကို ကူညီပံ့ပိုးပေးမယ့်သူတွေ အားနည်းလာတာကြောင့်လည်း ရိုးရာ တူရိယာအတီးအကတွေ ပျောက်ကွယ်သွားနိုင်ဖွယ် ရှိတယ်လို့ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ မင်းအောင်စိုးက ပြောပါတယ်။ “တိုင်းရင်းသား မွန်လူငယ်တွေအနေနဲ့ လေ့လာဆည်းပူးသင်ယူလိုစိတ်ရှိလာအောင် အစိုးရနဲ့ မွန်တိုင်းရင်းသား လူမှုအသိုင်းအဝန်းကပါ ကူညီအားပေးဖို့ လိုအပ်တယ်။” မွန်ရိုးရာတူရိယာတွေဖြစ်တဲ့ ဗာတ်ကိုင်၊ မွန်ပလွေကြီး စတာတွေအပြင် မွန်တပင်တိုင်အက၊ ဟင်္သာမောင်နှံအက၊ နှစ်ပါးသွားအကတွေဟာ အရင်ကာလတွေတည်းက ထင်ပေါ်ကျော်ကြားခဲ့တယ်လို့ ဆိုပါတယ်။ နေမျိုးထွဋ်
2 years Ago
Up