ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်းသွားခဲ့တာကြောင့် အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မှာပါ။
အသက် ၃၅ နှစ်ရှိ ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့ ပူးပေါင်းလေ့ကျင့်စဉ်မှာ ကိုဗစ်ကူးစက်ခံခဲ့ရတာဖြစ်ပြီး ၁၉ ရက်အကြာမှာ ပြန်လည်ကောင်းမွန်လာခဲ့တာပါ။
အောက်တိုဘာ ၃၀ ရက်နေ့က ကိုဗစ်-၁၉ ပိုးရှိမရှိ စစ်ဆေးခဲ့ရာမှာ Negative အဖြေထွက်ခဲ့ တာဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းကလည်း အတည်ပြုခဲ့ပါတယ်။
ရော်နယ်ဒိုဟာ အသင်းနဲ့လေ့ကျင့်ခန်းပြန်ဆင်းနေပြီး ဒီနေ့ကစားမယ့် တန်းတက် စပက်ဇီယာအသင်းနဲ့ပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။
ရော်နယ်ဒိုဟာ ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲမတိုင်ခင်ကလည်း ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးခဲ့ပြီး Negative ပြခဲ့တယ်လို့ သိရပါတယ်။
4 months Ago