ပျူစောထီး ခေါင်းဆောင်

October 15, 2021

ရွှေဘိုမြို့နယ်တွင် ပျူစောထီး ခေါင်းဆောင် ၁ ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊  ပန်းရံကျေးရွာမှာ   ပစ္စတိုသေနတ်ကိုင် ပျူစောထီးခေါင်းဆောင်  ၁ ဦး  အောက်တိုဘာ ၁၄ ရက် ညနေ ၅ နာရီလောက်က အသတ်ခံခဲ့ရပါတယ်။ 

အသတ်ခံရသူဟာ ပန်းရံကျေးရွာက အသက် ၅၀ အရွယ် ဦးထွန်းတင့် ဖြစ်ပြီး မနေ့ညနေ ၅ နာရီလောက်က ကျားရွာနဲ့ လိပ်ချင်းရွာအကြားမှာ အသတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“သူက ပစ္စတိုသေနတ်ခါးကြားထိုးပြီး တကားကား လုပ်နေတာကြာပြီ။  ပျူစောထီးအကြီးစား။ စစ်ကောင်စီသတင်းပေး ဒလန်ဗျ ။ အဲဒီနားပတ်ပတ်လည်ရွာတွေ မလှုပ်ရဲတာသာကြည့်တော့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

King Cobra-Khin U (တောကြီးမြွေဟောက်အဖွဲ့-ခင်ဦး)အဖွဲ့အနေကတော့  ၃၄ ယောက်မြောက်သုတ်သင် ရှင်းလင်းလိုက်တာလို့ ထုတ်ပြန်ထားပါတယ်။

3 months Ago
Up