ပျက်ကွက်ခဲ့သည့်နိုင်ငံမျာ

July 2, 2020

ကိုဗစ်-၁၉ တိုက်ဖျက်ရေးလုပ်ဆောင်ရန် ပျက်ကွက်ခဲ့သည့်နိုင်ငံများကို WHO သတိပေး

ကိုဗစ်-၁၉ ကူးစက်ရောဂါ ကပ်ဘေးကို တိုက်ဖျက်ဖို့အတွက် လုပ်ကိုင်ဆောင်ရွက်ရမယ့် ကိစ္စအားလုံးကို အတတ်နိုင်ဆုံးလုပ်ဖို့  ပျက်ကွက်တဲ့နိုင်ငံတွေဟာ ကပ်ဘေးကို နှိမ်နင်းဖို့ ရုန်းကန် နေရလိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဇူလိုင်လ ၁ ရက်မှာ ပြောလိုက်ပါတယ်။ ရောဂါ ကာကွယ်တိုက်ဖျက်ဖို့ လုပ်နည်းလုပ်ဟန် တပိုင်းတစပဲ ယူလုပ်ကြတဲ့နိုင်ငံတွေဟာ ရှည်လျားခက်ခဲတဲ့ လမ်းကြောင်းကို ရှေ့မှာ ကြုံတွေ့ရလိမ့်မယ်လို့ WHO ညွှန်ချုပ်က ဘယ်နိုင်ငံဆိုတာကို မရည်ညွှန်းဘဲ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ လတ်ရှိ ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံအတည်ပြု လူနာပေါင်း ၁၀ သန်းခွဲ ကျော်နေပြီး လူနာ ၅ သိန်းကျော် သေဆုံးခဲ့ ပြီးပါပြီ။ ကုလသမဂ္ဂဟာ ဌာနချုပ်က တရုတ်နိုင်ငံတွင်းက ကုလအဖွဲ့နဲ့အတူ ပူးပေါင်းပြီး ကိုရိုနာဗိုင်းရပ်စ် စတင်ရာ မူရင်းကို စစ်ဆေးအတည်ပြုဖို့ ပညာရှင် ၂ ယောက်ကို စေလွှတ်ဖို့ စီစဉ်ခဲ့တယ်လို့ WHO အရေးပေါ်ကိစ္စရပ်များဆိုင်ရာ ပညာရှင် မိုက်ခ်ရိုင်ယန်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့ ဓာတ်ခွဲခန်းကနေ ကိုရိုနာဗိုင်းရပ်စ် စတင် ကူးစက်တယ်ဆိုတဲ့ သက်သေ သူတို့မှာရှိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေအိုတို့က ပြောထားပါတယ်။ လောလောဆယ်မှာတော့ အမေရိကန်ဟာ ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးဒဏ်ကို အဆိုးဆုံးခံရတဲ့ နိုင်ငံဖြစ်နေပြီး ရောဂါကူးစက်ခံ ၁၃၀၀၀၀ လောက် သေဆုံးခဲ့ပါတယ်။
11 months Ago
Up