ပျက်ကျသည့်ရုပ်သံ

May 24, 2020

ကနေဒါလေတပ် Snowbirds ဂျက်လေယာဉ်ပျက်ကျသည့်ရုပ်သံထွက်ပေါ် (ရုပ်သံ)

ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း စိတ်ဓာတ်မြှင့်တင်ရေးဆောင်ရွက်နေတဲ့ ကနေဒါလေတပ် Snowbirds အဖွဲ့ရဲ့ ဂျက်လေယာဉ်တစီး မတော်တဆဖြစ်ပွားခဲ့တဲ့ ရုပ်သံဖိုင် ထွက်ပေါ်လာပါတယ်။ ဒီဖြစ်ရပ်ဟာ British Columbia ရဲ့ Kamloops ဒေသမှာ မေ ၁၇ ရက်ကဖြစ်ခဲ့ပြီး လေယာဉ်မှူး ၁ ဦး သေဆုံး ၁ ဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တယ်လို့ ကာကွယ်ရေးဌာနက ပြောပါတယ်။  မျက်မြင်ကြုံတွေ့ခဲ့သူတဦး ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်တခုမှာအဖွဲ့ရဲ့  Canadair Tutor အင်ဂျင်တလုံးတပ် လေယာဉ်နှစ်စီး ပျံတက်သွားခဲ့တာကို မြင်တွေ့ခဲ့ ရပါတယ်။ အဲ့ဒီနောက်မှာ လေယာဉ်နှစ်စီးထဲက တစီးဟာ ချက်ချင်းဆိုသလို ပျက်ကျလာခဲ့ပြီး လေယာဉ်မှူး ခုန်ထွက်လာခဲ့ပြီးနောက် ရဟတ်ယာဉ်ဟာ ပေါက်ကွဲခဲ့ပါတယ်။ လေယာဉ်ဟာ လူနေဧရိယာပေါ် ပျက်ကျခဲ့တာဖြစ်ပြီး မီးလောင်မှုပါ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်ရပ်ကြောင့် အနည်းဆုံး လူနေအိမ်တလုံး မီးလောင်ပျက်စီးသွားခဲ့တာကိုလည်း တွေ့ရပါ တယ်။ ဒါဟာ မကြာသေးခင်ကာလအတွင်း Snowbirds အဖွဲ့ရဲ့ ဒုတိယအကြိမ်မြောက် လေယာဉ်မတော်တဆမှု ဖြစ်ပြီး အောက်တိုဘာလကလည်း ပျက်ကျမှုတခု ဖြစ်ပွားခဲ့ပါတယ်။
11 months Ago
Up