ပျံသန်းဝတ်စုံ

August 20, 2017

ပျံသန်းဝတ်စုံ ဝတ်ဆင်မောင်းနှင်သူ တရုတ်နိုင်ငံသား ရေပန်းစား

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ခရိုင် Zhangjiajie မြို့က တီရန်မန်းတောင် အမျိုးသားပန်းခြံထဲမှာ ပျံသန်းဝတ်စုံ ဝတ်ဆင်မောင်းနှင်သူတဦး သြဂုတ် ၁၇ ရက်နေ့က အောင်မြင်စွာ ပျံသန်းမောင်းနှင်နိုင်ခဲ့လို့ လူမှုကွန်ရက်မှာ ရေပန်းစားနေပါတယ်။ ဒီလိုစွန့်စားပျံသန်းမှုကလည်း ပထမဦးဆုံးသော စွန့်စားအောင်မြင် ပျံသန်းမှုလို့ စီဂျီတီအန်သတင်းမှာ သြဂုတ် ၁၉ ရက်နေ့က ဖော်ပြထားပါတယ်။ ရှန်ရှုပန်းက ကန်ပန်တောင်ထိပ်ပေါ်ကနေ ပျံသန်းမယ့်ဆုံမှတ်နေရာကို ၁ နာရီ ၂၀၀ ကီလိုမီတာနဲ့ ပျံသန်းဝတ်စုံ ဝင်ဆင်ပြီး ထိုးဖေါက် ပျံသန်းပြခဲ့တာပါ။ “ဒါက အမှန်တကယ်တော့ အရမ်းခက်ခဲတဲ့ စိန်ခေါ်မှုပါပဲ။ ဒါပေမယ့် ကျနော်တို့ရဲ့ ပြည့်စုံစွာ ကြိုတင်ပြင်ဆင်မှုနဲ့ သင်တန်းတွေ၊ အဲ့ဒါအပြင် ကောင်းမွန်တဲ့ ရာသီဥတုအခြေအနေနဲ့ ကျနော့်အဖွဲ့ရဲ ထောက်ပံ့ကူညီမှုတွေကြောင့် ကျနော် လုပ်နိုင်ခဲ့တာ” လို့ ရှန်က ပြောခဲ့ပါတယ်။
4 years Ago
Up