ပျဉ်းကတိုးခွဲသားများ ဖမ်းမိ

April 27, 2017

ညောင်လေးပင်မြို့နယ်တွင် တရားမဝင် ပျဉ်းကတိုးခွဲသားများ ဖမ်းမိ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် ရန်ကုန်-မန္တလေးကားလမ်းကျွန်းကုန်း (Toll Plaza) အနီးမှာ ဒီနေ့မနက်ပိုင်းက တရားမဝင်ပျဉ်းကတိုးခွဲသားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သစ်တောဦးစီးဌာနက ပြောပါတယ်။ တောကျွဲအင်းကနေ ရန်ကုန်ဘက် ယာဉ်မောင်း ဦးအောင်ကျော်မိုး၊ ယာဉ်နောက်လိုက် နိုင်ဝေယံတို့ မောင်းနှင်လာတဲ့ ယာဉ်အမှတ် ၆ ဘီယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာမှ ကာလတန်ဖိုး ၁၃ သိန်းကျော်ရှိ တရားမဝင်ပျဉ်းကတိုးခွဲသား ဆိုဒ်စုံ အချောင်း ၄၀ အား ဖမ်းဆီးရမိခဲ့တယ်လို့ သစ်တောဦးစီးဌာနမှူး ဦးတင်စိုးက ပြောပါတယ်။ “ကျနော်တို့ ဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့ဝင်တွေ မြို့ပေါ်ရှိ တာဝန်ရှိသူတွေပူးပေါင်းပြီး ရှောင်တခင်စစ်ဆေးတဲ့နေရာမှာ ခုလို တရားမဝင်ပျဉ်ကတိုးသားခွဲတွေ ဖမ်းဆီးရမိခဲ့တာပါ။ ဖမ်းဆီးရမိတဲ့လူတွေကိုလည်း သစ်တောဥပဒေနဲ့ တရားစွဲဆွဲသွားမှာပါ။” ပျဉ်းကတိုးခွဲသားတွေ တရားမဝင်တင်ဆောင်လာတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် တို့ကို မြို့ နယ်သစ်တောဦးစီးဌာနက သစ်တောဥပဒေ ပုဒ်မ ၄၂ (ခ) အရတရားစွဲဆိုသွားမယ်လို့ ဆိုပါတယ်။ သတင်း၊ ဓာတ်ပုံ-နေလင်းထိုက်
4 years Ago
Up