ပျက်စီးဆုံးရှုံးမှုများ

September 10, 2017

မုန်တိုင်းကြောင့် ဟာဗားနားတွင် ပျက်စီးဆုံးရှုံးမှုများ

စက်တင်ဘာ ၉  ရက်နေ့က တနာရီ ၁၂၅ နှုန်းနဲ့  တိုက်ခိုက်တဲ့ ဟာရီကိန်း အာမာ မုန်တိုင်းကြောင့် ကျူးဘားနိုင်ငံ မြို့တော် ဟာဗားနား ကမ်းခြေတလျှောက်က ဟိုတယ် မော်တယ်နဲ့ အနိပ်ပိုင်း နေရာတော်တော်များများကို ပျက်စီးသွားပါတယ်။ လေတွေတိုက်ပြီး ရေတွေဝင်လာလို့ လျပ်စစ်မီးနဲ့ ဖုန်းလိုင်းတွေလည်း ပြတ်တောက်ကုန်ပါတယ်။ အခုတိုက်လိုက်တဲ့ မုန်းတိုင်းဟာ ဒီမြို့မှာ တခါးမှ မကြုံဖူးတဲ့ အားပြင်းဆုံး မုန်တိုင်းဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်တာ ၇ ရက်က ဟာရီကိန်း အာမာဟာ ဒိုမီနီကန်သမ္မတနိုင်ငံကို ဝင်ရောက်ခဲ့ပြီးနောက် ကာရေဘီယန်ကျွန်းတွေမှာ အနည်းဆုံး လူ ၁၁ ယောက် သေဆုံးခဲ့ပါတယ်။ ဖလော်ရီဒါဆီ ဦးတည်လာနေတဲ့ အာမာဟာ ဆယ်စုနှစ်အတွင်း အားအပြင်းဆုံး အတ္တလန္တိတ် မုန်တိုင်းတွေထဲကတခု ဖြစ်ပါတယ်။
4 years Ago
Up