ပျက်ကျ အမေရိကန်စစ်ရဟတ်ယာဉ်နှင့် သေဆုံးစစ်သား ၈ ဦးကို ပြန်တွေ့

June 28, 2015

အာဖဂန်တွင် ခွေး ၃ ကောင်က အမေရိကန် စစ်သားများကို ကယ်တင်

လမ်းဘေးက ခွေး ၃ ကောင်ကို အစာတွေကျွေးပြီး မွေးမြူခဲ့တဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ တာဝန်ကျတဲ့ အမေရိကန် စစ်သားကို ဒီခွေးတွေက ပြန်ကယ်ခဲ့ပါတယ်။ ခရစ္စဒေါ့နဲ့ အပေါင်းအပါ စစ်သားတွေ အာဖဂန်မှာ တာဝန်ကျစဉ်က လမ်းဘေးမှာ လေ့လွင်နေတဲ့ ဆာရှာ၊ တားဂက်နဲ့ ရှုးဖစ် ခွေး ၃ ကောင်ကို မွေးစားခဲ့ပါတယ်။ ဖေဖော်ဝါရီလက ညတည သန်းခေါင်းချိန်မှာတော့ ၂၅ ပေါင်ရှိတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ အသေခံ ဗုံးခွဲသမားဟာ အမေရိကန် စစ်သား ၅၀ နီးပါး နေနေတဲ့ စစ်တန်းလျားကို ၀င်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သူကို အတင်းလိုက်ဟောင် လိုက်ကိုက်နေတဲ့ ဒီခွေး ၃ ကြောင့် စစ်တန်းလျားကို သွားရောက်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒီအတွက် အသေခံဖောက်ခွဲရေးသမားက အ၀င်မှာပဲ ဖောက်ခွဲခဲ့တဲ့ အတွက် စစ်သား ၅ ဦး ဒဏ်ရာရသွားသလို ဆာရှာကတော့ သေဆုံးသွားပါတယ်။ စစ်သား တဦးတယောက်မှာ သေဆုံးခဲ့ခြင်း မရှိပါဘူး။ ဒဏ်ရာရသွားတဲ့ ခရစ္စဒေါ့က သူ့ခွေးတွေမရှိရင် သူဟာ ဒီနေ့မှာ အသက်ရှင်နေနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ခရစ္စဒေါ့ဟာ တာဝန်ပြီးဆုံးပြီ အမေရိကန်ကို ပြန်ခဲ့ရပေမယ့် ခွေးတွေကို အမေရိကန်ကို ခေါ်ဖို့ ဆန္ဒရှိခဲ့ပါတယ်။ ဒီနောက် ချေးငွေတွေ ထောက်ပံ့ပေးနေတဲ့ စစ်သားတွေရဲ့ ဆန္ဒ အဖွဲ့မှာ ငွေကြေးတောင်းခံခဲ့ပြီး လျှောက်ထားခဲ့ရာမှာ အဖွဲ့က ဒေါ်လာ ၃ ထောင်ပေးလို့ ခွေးတွေကို အမေရိကန် ခေါ်လာနိုင်ခဲ့ပါတယ်။ ဓာတ်ပုံ - sacfund  
6 years Ago

ခွဲထွက်ရေးအလံ ဖြုတ်ချသူ အမေရိကန်လူမည်းအမျိုးသမီး ဖမ်းဆီးခံရ

အမေရိကန်ပြည်ထောင်စု၊ ကိုလံဘီယာမြို့က တောင်ကယ်ရိုးလိုင်းနားပြည်နယ်ရုံးရှေ့ အလံတိုင်မှာ လွှင့်တင်ထားတဲ့ အမေရိကန်တောင်ပိုင်းပြည်နယ်ခွဲထွက်ရေးအလံကို အမေရိကန်လူမည်းအမျိုးသမီးတဦးက ဇွန် ၂၇ ရက်နေ့မှာ တိုင်ထိပ်တက်ပြီး ဆွဲချခဲ့ပါတယ်။ အမြင့်ပေ ၃၀ ရှိတဲ့ အလံတိုင်တ၀က်ရောက်ချိန်မှာ ရဲတွေရောက်လာပြီး အောက်ကိုဆင်းဖို့ ပြောတာကို မဆင်းပဲအလံကို တက်ယူပြီး ဆင်းချတာပါ။ သူ့ကို လိုက်ကူပေးတဲ့ အမျိုးသားတဦးရော အလံတိုင်တက်ခဲ့တဲ့ အမျိုးသမီးရော ရဲက ဖမ်းဆီးလိုက်ပါတယ်။ ပြီးခဲ့တဲ့တပတ်က အမေရိကန်လူမည်း ၉ ဦးကို ပစ်သတ်ခဲ့တဲ့ လူမျိုးရေးခွဲခြားရေး လူဖြူလူငယ်တဦးက ဒီတောင်ပိုင်းပြည်နယ်ခွဲ ထွက်ရေးအလံနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေတက်လာခဲ့ပြီးနောက်ပိုင်း ဒီအလံကိုဖြုတ်ချဖို့ တောင်းဆိုမှုတွေ ရှိလာတာပါ။ ဒီအလံကို ၁၉၆၂ ခုနှစ် အမေရိကန်လူမှုအခွင့်အရေးလှုပ်ရှားမှုတွေ ဖြစ်ပွားခဲ့စဉ်က ပထမဆုံး ပြန်လည်အသုံးပြုခဲ့ပြီးနောက်ပိုင်း လူမျိုးရေးအငြင်းပွားစရာအလံ ဖြစ်လာတာပါ။ အမေရိကန်သမ္မတအိုဘာမားကလည်း ဒီအလံဟာ ပြတိုက်ထဲမှာပဲ ထားရမယ့်အလံလို့ ထင်ကြောင်း ပြောဆိုပါတယ်။ အခုဖမ်းဆီးခံရတဲ့ Bree Newsome ဆိုသူအမျိုးသမီးဟာ ရုပ်ရှင်ရိုက်ကူးသူ၊ အဆိုတော်၊ သီချင်းရေးသူနဲ့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သူလို့ သူ့ရဲ့ twitter စာမျက်နှာမှာ ဖော်ပြထားပါတယ်။
6 years Ago

May 30, 2015

အမေရိကန် ဓာတုစက်ရုံ အဆိပ်သင့်ဓာတ်ငွေ့ ယိုစိမ့်၊ လူ ၁၀ ဦး ဆေးရုံတင်ပို့

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ် အကြီးဆုံးမြို့တော်ဘော်ဂါရဲ့ တက္ကဆက် ပန်ဟန်ဒဲလ် နယ်မြေထဲမှာ မေလ ၂၈ ရက်နေ့က ဓာတုစက်ရုံတရုံကနေ အဆိပ်သင့်ဓာတ်ငွေ့တွေ ယိုစိမ့်မှုဖြစ်ပွားခဲ့ပြီးနောက် လူ ၁၀ ဦးကို ဆေးရုံတင်လိုက်ရပါတယ်။ ဒေသစံတော်ချိန် ညနေ ၄ နာရီလောက်က တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း စိုက်ပျိုးရေးထွက်ကုန်တွေကို ထုတ်လုပ်နေတဲ့ အဲဒီစက်ရုံကနေ ရေပါဝင်မှု မရှိတဲ့ အမိုးနီးယားဓာတ်ငွေ့တွေက မတော်တဆ ယိုစိမ့်ထွက်လာတာလို့ ဒေသမီဒီယာက ပြောပါတယ်။ “ထိခိုက်သွားတဲ့ အလုပ်သမားတွေဟာ ကျနော်တို့ လုပ်ငန်းခွင်ရဲ့ မြောက်ဘက်မှာ စက်ရုံဆောက်နေတဲ့နေရာမှာ အလုပ်လုပ်နေကြတာပါ။ အဲဒီအလုပ်ဌာနက ဘေးကင်းလုံခြုံမှု ရှိပြီးတော့ စုံစမ်းစစ်ဆေးရေး လုံးဝပြီးဆုံးသွားတဲ့အချိန်ထိ ပိတ်ထားဦးမှာပါ။ ဒါမှ ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျနော်တို့ အတိအကျ သိနိုင်မယ်” လို့ စက်ရုံမန်နေဂျာ ဂင်းလ်ခရေ့ဂ် က ပြောပါတယ်။ အခု ယိုစိမ့်မှုကို ကန့်သတ် ထိန်းချုပ်ထားလိုက်ပြီး အနီးအနားဝန်းကျင်ကို ဘာအန္တရာယ်မှ မရှိပါဘူးလို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ ဓာတ်ပုံ - ရိုက်တာ [gallery ids="95164,95165,95166,95167,95168,95169"]
6 years Ago
Up