ပျက်ကျ အီဂျစ်လေယာဉ် အပိုင်းစနှင့်အလောင်းအချို့ ပြန်တွေ့ပြီ (ရုပ်သံ)

A d v e r t i s e m e n t With Us

May 21, 2016

ပျက်ကျ အီဂျစ်လေယာဉ် အပိုင်းစနှင့်အလောင်းအချို့ ပြန်တွေ့ပြီ (ရုပ်သံ)

မြေထဲပင်လယ်ထဲ ပျက်ကျသွားတဲ့ ခရီးသည်တင် ၈ျက်လေယာဉ်ဆီက အပိုင်းအစတွေနဲ့ ခရီးသည် အလောင်းတွေတချို့ကို ပြန်တွေ့ရပြီလို့ အီဂျစ်စစ်တပ်က မေ ၂၀ ရက်နေ့က ကြေညာပါတယ်။ ခရီးဆောင်အိတ်တွေ၊ လူ့အလောင်းတွေ၊ လေယာဉ်ထိုင်ခုံနဲ့ တချို့ပစ္စည်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ အလောင်းတချို့ကို ပြန်တွေ့တာ သေချာသွားတဲ့နောက်မှာတော့ အီဂျစ်သမ္မတ အဒဲ ဖာတက် အယ်စီစီက ကျန်ရစ်သူ မိသားစုတွေဆီကို ၀မ်းနည်းစကား ပြောပါတယ်။ လေယာဉ်ပျက်ကျရတဲ့ အကြောင်းကိုတော့ပြောဖို့ တိတိကျကျ ကောက်ချက်ဆွဲဖို့ စောသေးတယ်လို့ အီဂျစ်ဝန်ကြီးချုပ်က ပြောပါတယ်။ လေယာဉ်ပျက် ရှာဖွေတဲ့လုပ်ငန်းမှာ အီဂျစ်၊ ပြင်သစ်နဲ ဂရိနိုင်ငံတွေက ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ ပါရီကနေ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို ဦးတည် ပျံသန်းသွားတဲ့ လေယာဉ်ဟာ အမြင့်ပေ ၃ သောင်း ၇ ထောင်မှာ ပျံသန်းနေစဉ် ရေဒါပေါ်ကနေ ပျောက်ဆုံးခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၅၆ နဲ့ လေယာဉ်ဝန်ထမ်း ၁၀ ယောက် ပါဝင်ပါတယ်။ လေကြောင်းလိုင်းရဲ့ ကြေညာချက်အရ ယောဉ်ကို မောင်းနှင်သွားခဲ့တဲ့ လေယာဉ်မှူးဟာ ၆၂၇၅ နာရီ မောင်းနှင်းတဲ့ အတွေ့အကြုံရှိသလို၊ တွဲဖက်လေယာဉ်မှူးကလည်း ၂၇၆၆ နာရီ မောင်းနှင်ခဲ့တဲ့ အတွေ့အကြုံရှိတယ်လို့ ဆိုပါတယ်။ လေယာဉ်ကလည်း ၂၀၀၃ ခုနှစ်ထုတ် Airbus အမျိုးအစားဖြစ်ပြီး နာရီပေါင်း ၄ သောင်း ၈ ထောင်  ပျံသန်းခဲ့ပြီးပြီလို့ ဆိုပါတယ်။
5 years Ago
Up