မြန်မာနေရှင်နယ်လိဂ် ဘောလုံးအသင်းတသင်းဖြစ်တဲ့ ရခိုင်ယူနိုက်တက်အသင်းကို ယူနိုက်တက် အမရဘဏ် (UAB) က ကျပ်သိန်းတထောင် ပံ့ပိုးမှာဖြစ်ပြီး ဇန်န၀ါရီ ၅ ရက်က စပွန်ဆာစာချုပ်ချုပ် ဆိုခဲ့ပါတယ်။
ဘောလုံးအသင်းတသင်းကို ပထမဆုံးအကြိမ်ကူညီပံ့ပိုးတာဖြစ်ပြီး ရခိုင်ပရိသတ်တွေ အားပေးတဲ့ ဘောလုံးအသင်းကနေတဆင့် ရခိုင်ပြည်နယ်မှာ ဈေးကွက်ပိုရလာဖို့ မျှော်လင့်တယ်လို့ UAB ဘဏ် အမူဆောင်အရာရှိချုပ်ဦးသိန်းလွင်ကပြောပါတယ်။
၂၀၁၇ ခုနှစ်ဘောလုံးရာသီအတွက် ကျပ်သိန်းတထောင် ပံ့ပိုးကူညီတာဖြစ်ပြီး လာမယ့်နှစ်တွေမှာ ဆက်လက်ကူညီပံ့ပိုးဖို့ရှိတယ်လို့ သိရ ပါတယ်။
ရခိုင်ပြည်နယ် ကိုယ်စားပြု ဘောလုံအသင်းဖြစ်တဲ့ ရခိုင်ယူနိုက်တက်အသင်းဟာ ဒီနှစ်ဘောလုံး ရာသီမှာ အိမ်ကွင်းပွဲစဉ်တွေကို ပထမဆုံးအကြိမ်အဖြစ် စစ်တွေမြို့မှာလက်ခံကျင်းပမှာဖြစ်ပါ တယ်။
ရခိုင်ယူနိုက်တက်အသင်းအနေနဲ့ ယခုနှစ်ဘောလုံးရာသီမှာ အိမ်ကွင်း တည်ဆောက်မှုနဲ့ ကစားသမား ခေါ်ယူမူတွေအတွက် ကျပ်သိန်း ၆ ထောင်ကျော် အကုန်ကျခံပြင်ဆင်ထားပြီး မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲမှာ အဆင့် ၆ အတွင်းဝင်ဖို့ မျှော်လင့်ထားတယ်လို့ အသင်းပိုင်ရှင် ဦးဇော်မင်းသိန်းက ပြောပါတယ်။
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို လာမယ့်ဇန်န၀ါရီ ၁၄ ရက်မှာ စတင်မှာဖြစ်ပြီး ရခိုင်ယူနိုက် တက်အသင်းက ဆောက်သမ်းမြန်မာအသင်းနဲ့ ယှဉ်ပြိုင်က စားရမှာဖြစ်ပါတယ်။
အဖွင့်ပွဲ မကစားခင်မှာ ပြည်နယ်ဝန်ကြီးချူပ်ထံ အသင်းအပ်နှံပွဲနဲ့ ကွင်းဖွင့်ပွဲတွေလည်း ကျင်းပသွားမယ်လို့သိရပါတယ်။
6 years Ago