ပုံပါကျင်​မြို့

July 1, 2018

ပုံပါကျင်​မြို့ အသုဘအိမ်တွင် စကားများရာမှ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံး

မိုင်းတုံမြို့နယ်​ ပုံပါကျင်​မြို့မှာ အသုဘအိမ်မှာ စကားများရာကနေ လက်နက်ကိုင်တပ်​ဖွဲ့ဝင်​တဦးက သေနတ်နဲ့ပစ်​ခတ်​ခဲ့တဲ့အတွက် (ဝ)တိုင်းသားတဦး ဦး​ခေါင်း​သေနတ်​မှန်​​ သေဆုံးခဲ့တယ်လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။ ရှမ်းပြည်နယ် မိုင်းတုံမြို့နယ်​ ပုံပါကျင်​မြို့ နမ့်ဟူးခွန်​​ကျေးရွာအုပ်​စု ပါတဲ့ရွာ (​ဒေသအ​ခေါ် ဝမ်​မိုင် ‘ဝ’ ရွာ အသုဘ​နေအိမ်​မှာ ဇွန်​လ ၃ဝ ရက်​ ​နေ့လယ် ၁ နာရီ​ကျော်​လောက်က​ နာ​ရေးရက်​လည်​အတွက်​ ဝိုင်းဝန်း​ဆောင်​ရွက်​​နေကြစဉ် စကားများရာကနေ​ လက်နက်ကိုင်တပ်​ဖွဲ့ဝင်​ ကျရှဲန်​ဆိုသူက ပစ္စတို​သေနတ်နဲ့ တ​ချက်​ပစ်​ခတ်​ခဲ့တဲ့အတွက် ဝမ်မိုင်ကျေးရွာ​ နေ အသက် ၆ဝ နှစ်အရွယ် ‘ဝ’ လူမျိုး ဦးအိုက်​လူရဲ့ နဖူး​နေရာက ကျည်​​ဖောက်​ဝင်​ပြီး မိုင်းတုံပြည်​သူ့​ဆေးရုံအ​ရောက်​မှာ ​သေဆုံးသွားခဲ့တာပါ။ အသုဘအိမ်​ကို​ ရောက်​​နေတဲ့​​ဒေသခံတ​ဦးက “နာ​ရေးအိမ်​မှာ ‘ဝ’ ရိုးရာဓ​လေ့ထုံးတမ်း စဉ်​လာအရ ရက်​လည်​လုပ်​ဖို့ ဝိုင်းဝန်းကူ​ညီ​နေကြတုန်း UWSA တပ်​ဖွဲ့ဝင်​ ကျရှဲန်​က ပစ္စတို​သေနတ်​နဲ့ပစ်​တာပါ။ စကားများ​နေကြတယ်​လို့​တော့ သိရတယ်​။ ဘာ​ကြောင့်တော့ မသိဘူး” လို့ ပြောပါတယ်​။ ​သေနတ်​ပစ်​ခတ်​ လူ​သေဆုံး​စေခဲ့သူ ကျရှဲန်​ကို UWSA တပ်​မဟာ (၇၇၅) အ​ခြေပြုရာ ​ဟွေ​အောရွာကို  ‘ဝ’ တပ်​ဖွဲ့ဝင်တွေက ဖမ်းဆီး​ခေါ်​ဆောင်​သွားခဲ့ပြီး UWSA စစ်​စည်းကမ်းအရ အ​ရေးယူ​ဆောင်​ရွက်​သွားမယ်​လို့ သိရပါတယ်​။ သတင်း - ​အောင်​​ဇေယျ(မိုင်းတုံ)
3 years Ago
Up