ပဲပြုတ်နံပြား

February 13, 2018

ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် မန္တလေးမြို့တွင် ပဲပြုတ်နှင့်နံပြားကျွေး ကုသိုလ်ပြု (ဓာတ်ပုံ)

မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၃ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မနော်ရမ္မံပန်းခြံရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုရှေ့မှာ အလှူရှင်တွေ ပူးပေါင်းပြီး ပဲပြုတ်နဲ့နံပြားတွေ ကျွေးမွေး ကုသိုလ်ပြုနေကြပါတယ်။ တိုင်းပြည်အတွက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်လို့ နောင်လာနောက်သား လူငယ်တွေ သိရှိစေဖို့ ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့ အလှူရှင်တွေက ပြောကြပါတယ်။ သတင်း၊ ဓာတ်ပုံ - အိမ်ခိုင်မြဲ  
3 years Ago
Up