ပဲရစ်မြို့ နာမည်ကြီး ရစ်ဇ်ဟိုတယ်ရှိ ရတနာဆိုင်ကို ဓားပြတိုက်မှုဖြစ်ပွား

January 11, 2018

ပဲရစ်မြို့ နာမည်ကြီး ရစ်ဇ်ဟိုတယ်ရှိ ရတနာဆိုင်ကို ဓားပြတိုက်မှုဖြစ်ပွား

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ နာမည်ကြီး ရစ်ဇ်ဟိုတယ်ထဲက ရတနာဆိုင်တဆိုင်မှာ အမေရိကန်ဒေါ်လာ ၅ သန်းကျော်တန် လက်ဝတ်ရတနာတွေကို ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ပြင်သစ်ရဲတပ်ဖွဲ့က ပြောပါတယ်။ ပုဆိန်ကိုင် ဓားပြ ၅ ယောက်ဟာ ဇန်နဝါရီ ၁၀ ရက် မွန်းလွဲပိုင်းမှာ ရတနာဆိုင်ရဲ့ မှန်တွေကို ခွဲပြီး ဝင်ရောက်လုယက်ခဲ့တာပါ။ သူတို့ထဲက ၃ ဦးကို ဖမ်းမိခဲ့ပြီး ၂ ဦးက ထွက်ပြေးနေဆဲ ဖြစ်ပါတယ်။ ဒီဓားပြမှုမှာ ထိခိုက်ဒဏ်ရာရသူတော့ မရှိပါဘူး။ ရစ်ဇ်ဟိုတယ်ဟာ ဖက်ရှင်ဒီဇိုင်နာ ကိုကိုရှန်နယ်နဲ့ စာရေးဆရာ မာဆယ်ပရောက်စ်တို့ နေထိုင်ခဲ့ရာ နေရာဖြစ်ပြီး ကမ္ဘာကျော် အမေရိကန်စာရေးဆရာ အားနက်စ်ဟဲမင်းဝေး အကြိုက်တွေ့တဲ့နေရာလည်း ဖြစ်ပါတယ်။ ဝေလမင်းသမီး ဒိုင်ယာနာလည်း ၁၉၉၇ ခုနှစ် ယာဉ်တိုက်မှုမဖြစ်ခင်က ရစ်ဇ်ဟိုတယ်မှာ တည်းခဲ့ဖူးပါတယ်။
4 years Ago
Up