ပဲရစ်တိုက်ခိုက်မှု ဂျာမနီ-ပြင်သစ် ဘောလုံးပရိသတ် ၃ ဦးသေ

A d v e r t i s e m e n t With Us

November 14, 2015

ပဲရစ်တိုက်ခိုက်မှု ဂျာမနီ-ပြင်သစ် ဘောလုံးပရိသတ် ၃ ဦးသေ

ပြင်သစ် ဂျာမနီ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကစားနေတဲ့ ပြင်သစ် စတိတ်ဒီဖရန့်ကွင်းအနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကြောင့် ဘောလုံး ပရိသတ် ၃ ဦး သေဆုံးခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ ပဲရစ်တ၀န်းမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲ တိုက်ခိုက် ပစ်ခတ်မှုတွေကြောင့်  လူ ၁၅၀ ကျော် သေဆုံးခဲ့ပါတယ်။ ဘောလုံးပွဲကစားနေစဉ် ကွင်းအနီးမှာ အသေခံဗုံးခွဲသမားတဦးက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဂိတ် ဂျေမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာလို့ လုံခြုံရေး တပ်ဖွဲ့ကို ကိုးကားပြီး သတင်းတွေက ရေးပါတယ်။ ဘောလုံးပွဲကို ပြီးဆုံးအောင်ကစားခဲ့သလို ပွဲအပြီးမှာ ပရိသတ်တွေ ပွဲကြည့်စဉ်ကနေ ထွက်မသွားနိုင်တဲ့ အတွက် ဘောလုံးကွင်းထဲကို ရောက်ရှိလာပါတယ်။ ဘောလုံးကွင်းထဲမှာ ပြင်သစ်သမ္မတ ရောက်ရှိနေသလို ကွင်းအတွင်းကနေ လုံခြုံစွာထွက်ခွာသွားနိုင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ထိတ်လန့်တုန်လှုပ်မိသလို ကွင်းပြင်ကခုံမှာ ထိုင်နေသူတွေ အားလုံး စိုးရွံ့မိတယ်လို့ ဂျာမနီ နည်းပြ ဂျိုချင်းလာဝီက ပြောပါတယ်။ လာမယ့် နိုဝင်ဘာ ၁၇ ရက်မှာ ၀င်ဘယ်ဒန်မှာ အင်္ဂလန်နဲ့ ချစ်ကြည်ရေး ကစားမယ့်ပွဲကိုလည်း ပြင်သစ်က ရွှေ့ဆိုင်းလိုက်ပါတယ်။  
5 years Ago
Up