ပြင်သစ်နိုင်ငံ ပဲရစ် အကြမ်းဖက်သမားတွေကို စီးနင်းစဉ် သေဆုံးသွားတဲ့ ခွေးကလေးအတွက် ရုရှားက ပြင်သစ်ကို အစားထိုး တကောင်ပြန်ပေးခဲ့ပါတယ်။
နိုဝင်ဘာ ၁၃ ရက်က လူ ၁၃၀ သေဆုံးသွားတဲ့ ပဲရစ်တိုက်ခိုက်မှုအပြီး အကြမ်းဖက်သမားတွေရှိမယ့် နေရာကို နိုဝင်ဘာ ၁၈ ရက်မှာ တိုက်ခိုက်စီးနင်းစဉ် ၇ နှစ်အရွယ် ဘယ်လ်ဂျီယံ သိုးထိန်းခွေး ဒီဇယ် သေဆုံးသွားခဲ့ပါတယ်။
ဒီဇယ်က အကြမ်းဖက်သမားတွေရှိနေတဲ့ တိုက်ခန်းထဲကို ၀င်ဖို့ ကြိုးစားတဲ့ ရဲတပ်ဖွဲ့တွေကို ကယ်တင်ပြီး အသက်ဆုံးရှုံးခဲ့တာလို့ ဆိုပါတယ်။
ဒီအတွက် ပြင်သစ်က ၂ နှစ်သား ဂျာမန်သိုးထိန်းခွေးကလေး ဒေါ့ဘရိုင်ညာကို မော်စကိုမှာရှိတဲ့ ပြင်သစ်သံရုံးကို ပေးအပ်ခဲ့ပါတယ်။
ဒေါ့ဘရိုင်ညာကို စောင့်ကြည့်ပြီး လာမယ့်လမှာ ပြင်သစ်ကို ပို့ဆောင်သွားမှာ ဖြစ်ပါတယ်။
7 years Ago