ပဲနွယ်ကုန်းမြို့

March 26, 2021

ပဲနွယ်ကုန်းမြို့၌ သားဖြစ်သူကိုမတွေ့သဖြင့် စစ်တပ်က မိခင်ကိုဖမ်းဆီးပြီး မိသားတစ်စုလုံးကိုအမှုဖွင့်

ပဲခူးတိုင်း ပဲနွယ်ကုန်းမြို့ သံမဏိရပ်ကွက်နေ ဒေါ်ညိုညိုဆင့် (ခ) ဒေါ်ငယ်လေး ရဲ့နေအိမ်ကို မတ်လ ၂၅ ရက်  နေ့လည် ၂နာရီခွဲလောက်က  စစ်တပ်က ရောက်ရှိလာပြီး သားဖြစ်သူကိုမေးရာ အိမ်မှာမရှိကြောင်း ပြောပေမဲ့ တစ်အိမ်လုံး ရှာဖွေ မွှေနောက်ပြီး မိခင်ဖြစ်သူ ဒေါ်ညိုညိုဆင့်ကို ပဲနွယ်ကုန်း ရဲစခန်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။

မြို့မိ မြို့ဖတွေနဲ့ ရှေ့နေတွေက  လိုက်လံထုတ်ယူကြပေမယ့် ဒေါ်ညိုညိုဆင့်ခေါ် မငယ်လေးကို ပုဒ်မ ၅၀၅ (က)နဲ့  အမှုဖွင့် အရေးယူထားပြီး ကျောက်တံခါး ​မြို့နယ် ရဲစခန်းသို့ ပို့ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် သားဖြစ်သူ မောင်အောင်သူဟိန်းနဲ့ ခင်ပွန်းဖြစ်သူ ဦးမျိုးနိုင် (ခ) ဦးဝက်ကြီး တို့ နှစ်ဦးကိုယ်ပါ  ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထားသဖြင့် တိမ်းရှောင်နေရတယ်လို့ ရှေ့နေ ဦးသက်ဦးက ပြောကြားပါတယ်။

မိသားစုဝင် သုံးဦးသာရှိတဲ့ အဆိုပါမိသားစုဟာ  စစ်အာဏာရှင်ရဲ့ သတင်းပေး ဒလန်တွေကြောင့် တစ်မိသားစုလုံး မတရားအမှုဖွင့် ခံထားရတာလို့ ဒေသခံတွေက ပြောပါတယ်။

9 months Ago
Up