ပဲတန်ချိန် ၃ သိန်း

May 5, 2018

မြန်မာနိုင်ငံမှ ပဲတန်ချိန် ၃ သိန်း အိန္ဒိယ ၀ယ်ယူမည်

  အိန္ဒိယက မြန်မာနိုင်ငံမှ ပဲတန်ချိန် ၃ သိန်း ဝယ်ယူဖို့ တရားဝင် ကြေညာလိုက်ပြီလို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဒီဗွီဘီကို ပြောပါတယ်။ အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံကနေ ပဲဝယ်ယူတင်သွင်းမှုကို ၂၀၁၇ သြဂုတ်ကနေ ၂၀၁၈ မတ်လကုန်အထိ ရပ်ဆိုင်းထားပါတယ်။ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က "မေ ၄ ရက်နေ့က ကျနော်တို အမြဲတမ်းအတွင်းဝန်နဲ့ အိန္ဒိယနိုင်ငံက တာဝန်ရှိသူတွေ တွေ့ဆုံပြီး မနေ့က ညနေပိုင်းမှာ တရားဝင်ကြေညာချက် ထုတ်လိုက်တာပါ။ မတ်ပဲ တန်ချိန် ၃ သိန်း ဝယ်ယူသွားဖို့ ထုတ်ပြန်တယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။ လက်ရှိမှာတော့ မြန်မာ့ပဲကို တခြားနိုင်ငံဈေးကွက်တွေကို တပတ် တန်ချိန် ထောင်ဂဏန်းပေးပို့နေတယ်လို့ သိရပါတယ်။ “အခု တရားဝင် ကြေညာချက် ထုတ်လိုက်ပြီဆိုတော့ စပို့လို့ရပြီဆိုတဲ့ သဘောပါ” လို့  လက်ထောက် အတွင်းဝန်က ပြောပါတယ်။
3 years Ago
Up