ပဲခူးမြို့၊ ဥဿာမြို့သစ်ရပ်ကွက်ကြီး (၁) မှာ ဒီနေ့ ဇွန် ၂၀ ရက်နေ့ မနက်က နွားခိုးသတ်နေသူကို လက်ရဖမ်းမိတယ်လို့ အမှတ်(၂) နယ်မြေရဲစခန်းရဲ့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်နိုင်ဝင်းက ပြောပါတယ်။
ဘောင်းတော်ကျ ကျေးရွာသွားလမ်းဘေး ချုံစပ်မှာ ပဲခူးမြို့နယ် သာယာအေးကျေးရွာနေ ကိုမိုးသူနဲ့အတူ သတ်ထားတဲ့ နွား ၂ ကောင်၊ ဓားဦးချွန် ၃ ချောင်း၊ ဆိုင်ကယ် ၂ စီး၊ မြွေရေခွံအိတ် ၆ လုံး၊ ကျစ်ထားတဲ့ကြိုး ၆ ခွေတို့နဲ့အတူ စစ်ဆေးဖမ်းဆီးခဲ့မိတာ ဖြစ်ပါတယ်။
ကိုမိုးသူက နွားတွေကို ပိုင်ဆိုင်ကြောင်း အထောက်အထား မပြည့်စုံဘဲ ခိုးယူလာတယ်လို့ သင်္ကာမကင်းဖွယ် တွေ့ရှိရတာကြောင့် ဒုရဲအုပ် အောင်နိုင်ဝင်းက တရားလိုပြု တိုင်တန်းခဲ့ပါတယ်။
အမှတ် (၂) နယ်မြေရဲစခန်းက ကိုမိုးသူကို ခိုးမှု၊ သေဒဏ်ကို ပြောင်းလဲခြင်း၊ နွားတိရစ္ဆာန်တို့ကို သတ်ခြင်းဆိုင်ရာ ပုဒ်မတွေဖြစ်တဲ့ ပြစ်မှုဥပဒေပုဒ်မ ၃၈၀/၅၄/၄၂၉ တွေနဲ့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။
သတင်း - အောင်စိုးမိုး(ပဲခူး)
6 years Ago