ပဲခူးထောင်

A d v e r t i s e m e n t With Us

January 2, 2021

ပဲခူးထောင်တွင် သေဆုံးအကျဉ်းသား ၁ ဦး ကိုဗစ်ပိုးတွေ့၊ ၅၀ ကျော် ကူးစက်ခံရ

ပဲခူးအကျဉ်းထောင်က သေဆုံးသွားတဲ့အကျဉ်းသား ၁ ယောက်ကို စစ်ဆေးရာမှာ ကိုဗစ်-၁၉ တွေ့ရပြီး နောက်ထပ် အကျဉ်းသား ၅၀ ကျော်မှာလည်း ပိုးထပ်တွေ့တာကြောင့် အကျဉ်းသားတွေကို ထောင်ပြောင်းခဲ့ပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့က အကျဉ်းသားတယောက် နေထိုင်မကောင်းဖြစ်လို့ ပဲခူးဆေးရုံကို ပို့ဖို့ လုပ်နေတုန်း သေဆုံးသွားခဲ့ပါတယ်။ သူ့ကို စစ်ဆေးရာမှာ ကိုဗစ်-၁၉ တွေ့ရတာကြောင့် အကျဉ်းထောင်အတွင်းမှာ လိုအပ်တဲ့ စစ်ဆေးတာတွေ ချက်ချင်းလုပ်ခဲ့ပြီး နောက်ထပ် အကျဉ်းသား ၅၀ ကျော်မှာ ရောဂါပိုး ထပ်မံတွေ့ရတယ်လို့ ပဲခူးတိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာရန်နိုင်မောင်က ပြောပါတယ်၊ လက်တလောမှာတော့ ထောင်တာဝန်ရှိသူတွေနဲ့ ကျန်းမာရေးဌာနတို့ပူးပေါင်းပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။ ထောင်အတွင်းမှာ လူများနေတာကြောင့် ကိုဗစ်-၁၉ ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့အတွက် အကျဉ်းသား ၁၆၇ ယောက်ကိုလည်း ဒိုက်ဦးအကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ သတင်း - အောင်စိုးမိုး
2 months Ago
Up