ပဲခူးတွင်

October 14, 2017

ပဲခူးတွင် ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို ပေါက်တူးဖြင့် ခုတ်သတ်

ပဲခူးမြို့နယ်၊ ကျိုက်ဒေးယုံကျေးရွာအုပ်စု၊ ကျုံပကန်ကျေးရွာမှာ အောက်တိုဘာ ၁၃ ရက် ည ၆ နာရီလောက်က ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို ပေါက်တူးနဲ့ ခုတ်သတ်မှု ဖြစ်ပွားခဲ့တယ်လို့ အမှတ် ၂ နယ်မြေရဲစခန်းက ပြောပါတယ်။ ဖြစ်စဉ်မှာ အခင်းဖြစ်ညက သန်းငွေ ဟာ အရက်သောက်စားမူးရစ်ပြီး ဇနီးဖြစ်သူ ဒေါ်ဌေးဌေးကို လူမှုရေးဖောက်ပြန်တယ်လို့ စွပ်စွဲပြီး စကားများရန်ဖြစ်ရာမှ စိတ်မထိန်းနိုင်ဘဲ ဒေါ်ဌေးဌေးကို ပေါက်တူးနဲ့ ခုတ်လိုက်တာဖြစ်ပါတယ်။ ပေါက်တူးနဲ့ ခုတ်လိုက်တဲ့အတွက် ဒေါ်ဌေးဌေးမှာ ဦးခေါင်းငယ်ထိပ်ပေါက်ပြဲပြီးသွေးထွက် သတိလစ်သွားတဲ့အတွက် ပဲခူးဆေးရုံကို ပို့ဆောင်ချိန် လမ်းမှာ သေဆုံးသွားခဲ့တာပါ။ အမှတ် ၂ နယ်မြေရဲစခန်းက သန်းငွေကို ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၂ နဲ့ ဖမ်းဆီးအရေးယူ ထားတယ်လို့ သိရပါတယ်။ အောင်စိုးမိုး
4 years Ago

October 9, 2017

ပဲခူးတွင် ကျပ် ၁ သောင်းတန် ငွေစက္ကူအတုများ ဖမ်းမိ

ပဲခူးမြို့ မဇင်းရပ်ကွက် အိုးလေးစုပိုင်းမှာ အောက်တိုဘာ ၈ ရက် ၇ နာရီလောက်က တသောင်းတန်ငွေစက္ကူ  အတုတွေ ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် (၂) နယ်မြေစခန်းမှူး ရဲအုပ်ချစ်ကြည်က ပြောပါတယ်။ အဲဒီညက ငွေစက္ကူအတုတွေ ကိုင်ဆောင်သုံးစွဲနေတယ်ဆိုတဲ့ သတင်းအရ ရဲအုပ် အောင်လွင်မိုးနဲ့ အဖွဲ့ဟာ သက်သေတွေနဲ့အတူ ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ အိုးလေးစုပိုင်း (၂)လမ်းသွယ်၊ အမှတ်(၁၈၀) အိမ်ငှားနေသူ အောင်ကျော်ထွေး(ခ) ဘားလား ရဲ့ အိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အောက်ထပ် သုံးထပ်သစ်သား ဘီဒိုအောက်ထပ်ကနေ အမျိုးသမီးဝတ်အဝတ်စားနဲ့ လိပ်ထားတဲ့ ၁ သောင်းတန် ငွေစက္ကူအတု ၂၃ ရွက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ တရားခံလို့ယူဆရတဲ့ အောင်ကျော်ထွေးရဲ့ ပြောပြချက်အရ မဇင်းရပ်ကွက်နေ ကိုကာစိ နေအိမ်ကို ထပ်မံရှာဖွေရာ ဘာမှမတွေ့ခဲ့ဘူးလို့ မဇင်းရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အခုလို ငွေစက္ကူအတုတွေ ကိုင်ဆောင်အသုံးပြုသူ အောင်ကျော်ထွေး (ခေါ်) ဘားလား ကို အမှတ် ၂ နယ်မြေရဲစခန်းက (ပ)၇၉၅/၂၀၁၇ ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ ဖမ်းဆီး အမှုဖွင့် ထားတယ်လို့ သိရပါတယ်။ သတင်း - အောင်စိုးမိုး
4 years Ago
Up