ပဲခူးတိုင်းအစိုးရ

February 8, 2021

အနိုင်ရပါတီအစိုးရသစ်ဖွဲ့ပြီးချိန်ထိ ပဲခူးတိုင်းအစိုးရ ဌာနအချို့မှ ဝန်ထမ်းများကို လုပ်သက်ခွင့်ပေ

အာဏာအသိမ်းခံ ပဲခူးတိုင်း အရပ်သားအစိုးရအဖွဲ့ဝန်ကြီးအချို့ဟာ ရွေးကောက်ပွဲ အနိုင်ရပါတီက အစိုးရအဖွဲ့သစ်ဖွဲ့ စီးပြီးချိန်အထိ မိမိတို့လက်အောက် ဌာနဆိုင်ရာတွေကို ခွင့်ရက်အဖြစ် သတ်မှတ်လိုက်ကြောင်း ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးထွန်းထွန်းဦးက “တိုင်းအစိုးရအဖွဲ့ဦးဆောင်ဝန်ကြီးချုပ်ကိုယ်စား ကျနော်လက််မှတ်ရေးထိုးပြီး ဌာနဆိုင်ရာတွေကို ခွင့်ရက်အဖြစ်သတ်မှတ်ဖို့ လုပ်နေပါပြီ။ လူမှုရေးဝန်ကြီးက သူ့လက်အောက်မှာရှိတဲ့ ဌာနဆိုင်ရာ ကိုးခုကို   ခွင့်ရက်သတ်မှတ်တဲ့စာ ထုတ်ထားပြီးပါပြီ။ ကျနော်က တစ်တိုင်းလုံး ကိုယ်စား ထုတ်ပြန်မယ်” လို့ ပြောပါတယ်။ 

တပ်မတော်ရဲ့အာဏာ သိမ်းယူမှုဟာ တရား မဝင်တာကြောင့် တိုင်းဒေသကြီးအစိုးရအ ဖွဲ့ဥပဒေပုဒ်မ ၂၉ ကို အသုံးချပြီး မိမိတို့ဝန်ကြီးဌာနလက်အောက်က ဌာနဆိုင်ရာတွေကို အစိုးရအဖွဲ့ဖွဲ့ပြီးချိန်အထိ ခွင့်ရက်အဖြစ် သတ်မှတ်လိုက်တာလို့ ပဲခူးတိုင်းအစိုးရဝန်ကြီးအချို့ရဲ့ အမိန့်ကြေညာချက်မှာ  ထည့်သွင်းဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကစတင်ပြီး ဌာနဆိုင် ဝန်ထမ်းအချို့ဟာ အာဏာသိမ်းစစ်အစိုးရ လက်အောက်အလုပ်တာဝန်ဝတ္တရားများကို ထမ်းဆောင်မှုပြုမှာ မဟုတ်ဘူးလို့ ဌာနအလိုက် ထုတ်ပြန်အသိပေးနေကြတာကိုလည်း လေးစားစွာမှတ်တမ်းတင်တယ်လို့ ထုတ်ပြန်အသိပေးထားပါတယ်။

ရဲထွဋ်

4 months Ago

October 3, 2020

တိုင်ကြားပါက ချေးငွေအတင်းပြန်ဆပ်ခိုင်းသည့်လုပ်ငန်းများကို အရေးယူမည်ဟု ပဲခူးတိုင်းအစိုးရ ပြော

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းမှာ အသေးစားချေးငွေလုပ်ငန်းတွေအနေနဲ့ ချေးငွေ ချေးယူတဲ့ အသင်းသားတွေဆီကနေ အတင်းအကျပ် တောင်းခံနေတာတွေ ရှိနေတာကြောင့် တိကျစွာ တိုင်ကြားပါက အရေးယူပေးမယ်လို့ ပဲခူးတိုင်းဒေသကြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။ ပဲခူးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက “ကာယကံရှင်တွေက သက်သေနဲ့တကွ တိုင်ပါ။ သူတို့ကနေ တရားလိုလုပ်ပြီး Micro Finance ကို တိုင်ခိုင်းပါ။ ပစ္စည်းတွေ ယူတာ၊ ဒန်အိုးဒန်ခွက်တွေ၊ ဆန်အိတ်တွေ ယူတာကို တိုင်ခိုင်းလိုက်။ သူတို့ကို အသေးစားငွေရေးကြေးရေးဦးစီးဌာနညွှန်ကြားရေးမှူး၊ ပဲခူးတိုင်းကို တိုက်ရိုက်တိုင်။ အဲဒါ ဘယ်ကုမ္ပဏီက ဘယ်သူလဲဆိုတာ သေချာကျကျနန ပြောတိုင်။ သတင်းကြားရုံ ဂျင်နရယ်လ်ဆိုရင် လုပ်ရတာ ခက်မယ်။ သေချာ ဘယ်ကုမ္ပဏီက ဘယ်သူလဲ၊ မန်နေဂျာလား၊ ကက်ရှာက လုပ်တာလား၊ အဲဒါကို တစ်ခါတည်းပြော၊ အဲဒါဆို ကျနော် ဒီကနေ အက်ရှင်ယူပေး​မယ်” လို့ ပြောပါတယ်။ ပဲခူးတိုင်းဒေသကြီးအတွင်းမှာ ​အသေးစားချေးငွေလုပ်ငန်း ၄၂ ခု ရှိပြီး လက်ပံတန်းမြို့မှာတော့ ၁၇ ခု လုပ်ကိုင်​နေတယ်လို့ လက်ပံတန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကနေ သိရပါတယ်။  လက်ပံတန်းမြို့  အသေးစားချေးငွေလုပ်ငန်းတစ်ခုက အသင်းဝင်ဖြစ်တဲ့ မနီနီမာက “အခုဆိုလို့ရှိရင် ညီမတို့ မရှိပေမဲ့လို့ သူများလှူထားတဲ့ ဆန်လေးတွေဆိုလည်း သူတို့ ချယူသွားတယ်၊ အဝတ်လျှော်စက်ဆိုလည်း ညီမ အိမ်မှာမရှိပေမဲ့ ကလေးတွေဆီကနေ အတင်းဆွဲပြီး ယူသွားပါတယ်” လို့ ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အကျိုးဆက်ကြောင့် အသင်းဝင်တွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းလည်ပတ်မှုတွေ ကျဆင်းနိုင်တဲ့ကာလအတွင်း အသင်းဝင်တွေဆီက ချေးငွေနဲ့အတိုးကို အတင်းအကျပ် ပြန်မကောက်ဖို့နဲ့ ပေးဆပ်ရယ့်အ​ချိန်ကို အသင်းသားတွေနဲ့ ညှိနှိုင်း ကောက်ခံဖို့ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းအားလုံးကို ပဲခူးတိုင်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီက စက်တင်ဘာ ၂၅ ရက်နေ့က ညွှန်ကြားထားတယ်လို့ သိရပါတယ်။ သတင်း - ဝဏ္ဏထွန်း
9 months Ago
Up