ပဲခူးတိုင်းရွေးကောက်ပွဲကော်မရှင်ရုံး

November 6, 2020

ပဲခူးတိုင်း ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ပဲခူးမြို့မှာရှိတဲ့ ပဲခူးတိုင်းရွေးကောက်ပွဲကော်မရှင်ရုံးဝင်းအတွင်းမှာ  နိုဝင်ဘာ ၆ ရက် ဒီနေ့ မွန်းလွဲပိုင်း ၂ နာရီ ၄၀ မိနစ်လောက်က  ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် လူတွေ ထိခိုက်ဒဏ်ရာရတာမရှိဘဲ   ရုံးမှန်တွေလည်း ကွဲခဲ့သလို  ကော်မရှင်ရုံးအနီးပတ်ဝန်းကျင်မှာ  စာရွက်စာတမ်းတွေ ပြန့်ကျဲနေတာကိုတွေ့ရပါတယ်။ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရသေးဘဲ  ရဲတပ်ဖွဲ့နဲ့  သက်ဆိုင်ရာ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ ရုံးအပြင်ဘက်မှာဖြစ်ပွားတဲ့ ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ကော်မရှင်ရုံးရှေ့က CCTV မှတ်တမ်းကို ပြန်လည်စိစစ်နေဆဲလို့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။ ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဘယ်လိုပေါက်ကွဲစေတတ်သော အမျိုးအစား ဖြစ်သလဲဆိုတာ စစ်ဆေးနေဆဲပဲလို့ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူးက ပြောပါတယ်။ သတင်း-အောင်စိုးမိုး  
1 year Ago
Up